Ear infections (1) နားပိုးဝင်ခြင်း (၁)

သမီး အသက်က ၂၇ ပါ။ အခုဖြစ်တာက နှာခေါင်းပိတ်ပါတယ်။ နှာလည်း အနည်းငယ် စေးပါတယ်။ အစားအသောက် စားရင် အနံ့အရသာ ဘာမှကို မသိတာပါ။ ဘာနံ့မှ မရပါဘူး ၁ဝ ရက်ခန့် ရှိနေပါပြီ ဆရာဝန်နဲ့လည်း ပြပါတယ်။ နှာခေါင်း အနံ့ မရတာက သက်သာ မလာပါဘူး။ တခါတရံ တဘက်က ပိတ်နေပါတယ်။ ချွဲလည်း တော်တော် ထွက်ပါတယ်။ ချွဲပျော်ဆေး SOLVIN လည်း ဆရာဝန် ပေးတဲ့အထဲမှာ ပါပါတယ်။ မဖြစ်ခင်က ချောင်း တခါတလေ ဆိုးလို့ ဆရာဝန် ပြပါတယ်။ အခု ချောင်းဆိုး သက်သာသွားပြီး နှာစေးပါတယ်။ အရင်က CETIRINE တလုံးသောက်ရင် သိသာစွာ ပျောက်ပါတယ်။ အခုက ခဏခဏတော့ နှာမချေဘဲ နှာပိတ် နှာရည်ကျ ဖြစ်ပါတယ်။ ဆရာဝန်က မသက်သာလျှင် နား-နှာခေါင်း ဆရာဝန် ပြရန် ပြောပါတယ်။ ဘယ်လိုလုပ်ရပါ့မလဲ။ အနံ့အာရုံ အရသာ မရှိ ဖြစ်နေတာကို စိတ်ညစ်လှပါတယ်။


စိတ်ညစ်တဲ့သူ ဖြစ်နေတာတွေက တဆက်ထဲပါ။ Middle ear နားအလည်ပိုင်းကနေ Eustachian tube ပြွန်နဲ့ Back of the throat လည်ချောင်း နောက်မှာ လာဆက်နေတယ်။ နား-နှာခေါင်း-လည်ချောင်း တနေရာမှာ တခုခုဖြစ်ရင် ဆက်ဖြစ်တတ်တယ်။ နှာစေးနဲ့ ချောင်းဆိုး ဆက်နေတယ်။ နှာစေးလို့ နားကို သက်ရောက်တယ်။ အနံ့ကိုပါ လာထိခိုက်တယ်။


Eustachian tubes ကဆို့နေလို့ Ear infections နားရောင်တာ ဖြစ်တယ်။ Eustachian tubes ကို Swollen ရောင်စေ၊ Blocked ပိတ်စေတာ ဖြစ်လာရင် Eardrum နားစည် နောက်မှာရှိတဲ့ နားအလည်ပိုင်းမှာ Fluids အရည်တွေ များလာတယ်။


အများဆုံးက Common Cold အအေးမိတာကနေ ဆက်ဖြစ်တဲ့ Complications တွေပါဘဲ။ အအေးမိတာက အနေရခက်တဲ့အထဲ ဆက်ဖြစ်တာတွေက မေးတဲ့သူမှာ ဖြစ်သလို ပိုဆိုးပါတယ်။ Bronchitis လေပြွန်ရောင် နဲ့ Ear infections နားရောဂါရတာ ဆက်ဖြစ်နိုင်တယ်။ တချို့မှာ Asthma ပန်းနာ ဖြစ်လာတတ်တယ်။ Sinus နဲ့ Asthma တွေကို ရေးထားပါတယ်။


Acute bronchitis ရက်တို လေပြွန်ရောင်တာလဲ ပါတယ်။ ဗက်တီးရီးယား ကနေရော ဗိုင်းရပ်စ်ကနေပါ ဖြစ်စေတယ်။ Cough ချောင်းဆိုးမယ်၊ Mucus ချွဲထွက်မယ်၊ ချွဲကလဲ ဖြူ-ဝါ-သွေး ဖြစ်နိုင်တယ်။ အတော်များများက ဆေးမပါဘဲ သက်သာသွားတယ်။ တပါတ်နေလို့ မပျောက်ရင် ဆရာဝန် လိုလာပြီ။


Sore Throat လည်ချောင်းနာ နဲ့ Tonsillitis အာသီးရောင်တွေကလဲ အအေးမိတာနဲ့ တွဲ-ဆက်နေတတ်တယ်။ နှစ်မျိုးလုံးကို ဗိုင်းရပ်စ် ကနေရော ဗက်တီးရီးယား ကနေပါ ဖြစ်စေတယ်။ Streptococcus bacteria ကနေဖြစ်တာကို Strep throat ခေါ်တယ်။


Allergies (အလာဂျီ)၊ Tobacco smoke or other irritants ဆေးလိပ်နဲ့ တခြား အငွေ့အသက်တွေကြောင့်ပါ အဲလိုလာ ဖြစ်နိုင်တယ်။


Ear infections နားကိုပိုးဝင်တာက ၈ဝ% ဟာ Viruses ကနေဖြစ်တယ်။ ဒါဆိုရင် ပိုးသေဆေး Antibiotics မလိုဘူး၊ မရဘူး။ Streptococcus ဗက်တီးရီးယားကနေ ဖြစ်တာလဲ မနည်းဘူး။ နား နာမယ်၊ အဝါရည်၊ အရည်ကြည်၊ အချွဲရည် ထွက်မယ်။ ကိုယ်နဲနဲ ပူမယ်။ Antibiotics လိုတယ်။


ဗက်တီးရီးယား ကနေဖြစ်တဲ့ နာရောင်တာအတွက် Antibiotics ပဋိဇီဝဆေးတွေ ကတော့ –

• Penicillin Antibiotics ထဲမှာ Amoxicillin နဲ့ Augmentin တွေပါတယ်။

• Sulfonamide Antibiotics တွေထဲမှာ Bactrim, Septra နဲ့ Gantrisin တွေပါတယ်။

• Cephalosporin Antibiotics တွေထဲမှာ Ceclor, Ceftin, Cefzil, Vantin, Suprax နဲ့ Lorabid တွေပါတယ်။

• Combination Antibiotics ဆေးတွဲပေးတာတွေလဲ ရှိတယ်။ ဥပမာ Pediazole = Erythromycin + Sulfisoxazole


အသုံးများတဲ့ Ear drops နားထည့်ဆေးတွေကတော့ –

1. Betamethasone Eye/Ear Drops 0.1% w/v + 0.002%

2. Carboxy Methyl cellulose sodium -Eye 0.5%

3. Chloramphenicol Eye/Ear drop 5ml & 10 ml

4. Ciprofloxacin Eye Drops 5ml & 10ml

5. Gentamicin Eye/Ear drop 5ml & 10 ml

6. Neomycin Sulphate Eye/Ear drop 5ml & 10 ml

7. Ofloxacin Eye Drops

8. Prednisolone Acetate Eye/Ear drop 5ml & 10 ml

9. Prednisolone Chloramphenicol Eye Drop 10ml

10. Soframycin Eye/Ear Drop 8ML


• Ear Infections (2) နားပိုးဝင်ခြင်း (၂) http://dts-medicaleducation.blogspot.in/2012/06/ear-infections.html

• Earache နားကိုက်ရင် http://dts-medicaleducation.blogspot.com/2011/11/earache.html

• Perforated eardrum နားစည်ပေါက်ခြင်း http://dts-medicaleducation.blogspot.com/2011/04/perforated-eardrum.html


Dr. တင့်ဆွေ

၂၂-၄-၂ဝ၁၁


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး