Virus အိပ် စား ကာမ

Virus ဟာ living being ဟုတ်​မဟုတ်​ ရှင်းပြပါ


မေးတဲ့သူကလည်း ဆရာဝန်။ သူငယ်ချင်း။


အိပ် စား ကာမ ဤသုံးဝတဲ့။ အဲဒါက လူ နဲ့ နွား။ တူကြတယ်။


ဗက်တီးရီးယားတွေ မျိုးပွါးတယ်။ သူ့ထက်မျိုးပွါးမြန်တာက ဗိုင်းရပ်စ်။ ဗိုင်းရပ်စ်တွေဟာ သက်ရှိဆဲလ်ထဲကိုဝင်ပြီးတာနဲ့ ပါရာဆိုက်တွေလို သူလိုချင်တာကို ရယူ သုံးစားပြီး ပွါးများလာနိုင်တယ်။ Reproduction မျိုးပွါးခြင်းလို့ မခေါ် Replication လို့ခေါ်တယ်။


Coronavirus Survival ကိုရိုနာဗိုင်းရပ်စ် ဘယ်မှာဘယ်လောက်ကြာရှင်နိုင်သလဲ

• လေထဲမှာ ၃ နာရီကြာ။

• ကြေးဝါမျက်နှာပြင်ပေါ်မှာ ၄ နာရီ။

• အရည်စိမ့်နိုင်တဲ့ မျက်နှာပြင်တွေပေါ်မှာ ၂၄ နာရီ။

• သံမဏိနဲ့ ပလပ်စတစ်ပေါ်မှာ ၇၂ နာရီ။

• သတ္တု၊ ဖန်နဲ့ ပလပ်စတစ်မျက်နှာပြင်တွေပေါ်မှာ ၉ ရက်အထိ ရှင်နေနိုင်တယ်။

• ၈၆ ဒီဂရီအက်ဖ် (၃၀ စီ) ထက် ပိုပူတဲ့အခြေအနေမှာ ရှင်သေးပေမဲ့ အက်တစ် မဖြစ်တော့ပါ။

• ဒိုင်းမွန်းမင်းသမီးသင်္ဘောပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် RNA ဟာ ၁၇ ရက်ကြာအထိ တွေ့ရှိရတယ်။

အိမ်သုံးပိုးသန့်ဆေးတွေနဲ့ ကင်းစေအောင်လုပ်နိုင်တယ်။

၁။ 62-71% ethanol အက်သနောလ်၊

၂။ 0.5% hydrogen peroxide ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် နဲ့

၃။ 0.1% sodium hypochlorite Bleach solution ချွတ်ဆေးရည်ကို ဘလိခ်ျမှုန့် 5 tablespoons နဲ့ ရေတဂါလံ ရောမယ်။ တနည်းအားဖြင့် ဘလိခ်ျမှုန့် 4 teaspoons နဲ့ ရေတကွာတ။


ဗိုင်းရပ်စ်တွေက မကျွေးဘဲ စားတယ်။ အိပ်ချိန်တော့ ရှိပုံမရ။ သူတို့မှာ ဘာသာရေးမရှိ။ နိုင်ငံရေးမရှိ။ ရွေးကောက်ပွဲမရှိ။ သီချင်းမဆိုတတ်။


(ကျွန်တော် အလည်သွားတော့ ပခုက္ကူသား မြင်းခြံသားတွေက တီးဝိုင်းနဲ့ ကြိုကြတယ်။)


လူတွေ နေကောင်းကြပါစေ။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး