Official Languages in India ရုံးသုံးဘာသာစကား

အိန္ဒိယနိုင်ငံက လူမျိုးပေါင်စုံနေတယ်နိုင်ငံလိုသိရပါတယ်ဆရာ သူတိုရဲ့ ရုံးသုံးဘာသားစကားကဘာလဲဆရာ ပညာရေးကိုကော ဘယ်ဘာသာစကားနဲသင်လဲသိချင်တယ်ပါဆရာ


ဟင်ဒီ နဲ့ အင်္ဂလိပ်က ရုံးသုံးစာ။ အတိအကျပြောရင် နည်းနည်းများတယ်။ ဗဟို၊ ပြည်နယ် မတူ။ ပြည်နယ်အလိုက်လည်း မတူပါ။ တရားဝင်ဘာသာစကာမရှိဘူးပြောလည်း မမှားပါ။


ဖွဲ့စည်းပုံပုဒ်မ ၃၄၃(၁) အရ Hindi in Devanagari script လို့ရေးထားတယ်။ ဂဏန်းရေးတာမှာ နိုင်ငံတကာစံကို လိုက်နာရမယ်တဲ့။


ပြည်နယ်တွေမှာ ကိုယ်ပိုငအခွင့်အာဏာရှိကြတယ်။ ဒေသအလိုက် တရားဝင်ဘာသာစကာပေါင်း ၂၂ ခုရှိတယ်။ အိန္ဒိယန်း ပတ်စ်ပို့မှာ ဟင်ဒီ နဲ့ အင်္ဂလိပ်စာ။


စီးပွါးရေးလုပ်ရာမှာ ဟင်ဒီ နဲ့ အင်္ဂလိပ်။ လွှတ်တော်နဲ့ တရားရုံးတွေမှာလည်း ဟင်ဒီ နဲ့ အင်္ဂလိပ်။ ဗဟိုနဲ့ နယ်အစိုးရတွေ ဆက်သွယ်ရာမှာလည်း ဟင်ဒီ နဲ့ အင်္ဂလိပ်။


ဒေါက်တာတင့်ဆွေ

၁၉-၁၁-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး