Covid Immunity ကူးစက်ခံရပြီး ရောဂါကိုခံနိုင်သွားပြီလား

မဂ်လာပါ (မင်္ဂလာပါ) ဆရာ တခုလောက်သိခြင်း (သိချင်) လို့ပါဗျ P ဖြစ်ထားတဲ့သူတွေ့ကနောက်ထပ်ဖြစ်နိုင်လာဗျ


P ဆိုတာ ဘာလဲ မသိ။ သိတော့သိတယ်။ ရမ်းသိတာ။ 


ကိုဗစ်-၁၉ ရောဂါ ဆးသုတေသနသတင်းတွေကို သိသမျှ မှန်ကန်ခိုင်မာတာကို တင်တယ်။ 


ကိုဗစ်ကူးစက်ခံရပြီး နေကောင်းလူတွေ -

တမြန်နေ့ကတခု တင်တယ်။ ၆ လ အနည်းဆုံး။

မနေ့ကတခု တင်တယ်။ ဆယ်စုနှစ်အထိ အင်မြူနတီ ခေါ် ခုခံနိုင်စွမ်းရရှိ။


အဲဒါတွေက ဆေးသုတေသနသတင်းတွေဖြစ်တယ်။ တကြိမ်ဖြစ်ပြီး ပြန်ဖြစ်သူ ကိုယ်တိုင်တွေ့ဖူးထားတယ်။ ကျွန်တော် အလုပ်လုပ်နေတဲ့ကျောင်းက ဆရာမတယောက်သမီး။ ၂ ခါဖြစ်သတဲ့။ ယူအက်စ်အေမှာ။


P ဆိုတာဘာလဲ

အဲလို မသေချာတာကို ဆေးပညာနဲ့ ကျန်းမာရေးမှာ မသုံးရပါ။ စာတလုံး လွဲတာနဲ့ ရောဂါအမည် လွဲမယ်။ ကုသနည်း ကာကွယ်နည်း လွဲမယ်။ အသက်နဲ့အမျှအရေးကြီးတာအတွက် စာရေးမပျင်းသင့်ကြပါ။ ပြီကို P လို့ရေးကြတယ်။ ပြီးကို Pး ဝစ္စပေါက်ထည့်ရေးကြတယ်။ လူပျင်းတွေနဲ့ ကျွန်တော်နဲ့ မတည့်ပါ။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး