Blood Pressure သွေးဖိအားဂဏန်းများ

၂၀၁၅ ခု သုတေသနအရ ကမ္ဘာမှာ ပျမ်းမျှ သွေဖိအား ယောက်ျားတွေမှာ ၁၂၇/၇၉ နဲ့ အမျိုးသမီးတွေမှာ ၁၂၇/၇၇ မီလီမီတာမာကျူရီ ရှိတယ်။


အဲဒါဟာ ၂၀၀၁-၂၀၀၈ တုန်းက ၁၂၄/၇၁ နဲ့ ၁၂၁/၇၀ ကနေ တက်လာတာဖြစ်တယ်။


အသေးစိတ်ဂဏန်းများ

ကျား အသက် 

၁၈-၃၉ နှစ် ၁၁၉/၇၀

၄၀-၅၉ နှစ် ၁၂၄/၇၇

၆၀ အထက် ၁၃၃/၆၉


မ အသက်

၁၈-၃၉ နှစ် ၁၁၉/၆၈

၄၉-၅၈ နှစ် ၁၂၂/၇၄

၆၀ အထက် ၁၃၉/၆၈


အမေရိကန်နှလုံးဖေါင်ဒေးရှင်းရဲ့ သတ်မှတ်ချက်က ပုံမှန် လူကြီး သွေးဖိအားက ၁၂၀/၈၀ ဖြစ်ပါတယ်။


အထက်ဂဏန်း ၁၃၀ ထက်များတာနဲ့ အောက်ဂဏန်း ၈၀ ထက်များတာကို သွေးတိုးလို့ခေါ်တယ်။


သွေးကျဆေးလို မလိုပြောတာတော့ မဟုတ်ပါ။


သွေးဖိအားဟာ အငန်နဲ့ မတည့်ပါ။ အငန်ဆိုတာ

ဆား

ငပိ

ငါးခြောက်

ငံပြာရည်

ပုစွန်ခြောက်

ဆိုဒီယမ်ပါတဲ့ ဟင်းချိုမှုန့်၊ အသားမှုန့်

ဆားသုံးရတဲ့ လက်လုပ်ချဉ်တွေ။


သွေးတိုးဘေးက ဝေးကြပါစေသတည်း။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး