COVID-19 အကြောင်း အချုပ်

လက္ခဏာများ

• ဖျား၊ ချမ်း၊

• ချောင်းဆိုး၊

• အသက်ရှူမဝ၊

• အားနည်း၊

• လည်ချောင်းနာ၊

• နှာရည်ယို၊

• ကြွက်သား ကိုယ်လက် ကိုက်ခဲ၊

• ခေါင်းကိုက်၊

• အန် ဝမ်းပျက်။

• အနံနဲ့ အရသာပျက်ခြင်း ပျောက်ခြင်း။


ဘယ်တော့ အရေးပေါ်ဌာနသွားမလဲ

• အသက်ရှူရခက်ခဲခြင်း

• ရင်ဘတ်မှာဆက်တိုက်နာခြင်း

• စိတ်မကြည်လင်မှုအသစ်ဖြစ်လာခြင်း

• ကြည်လင်လန်းဆန်းမှုမရှိခြင်း

• နှုတ်ခမ်း မျက်နှာ ပြာလာခြင်း


ဘယ်လိုကာကွယ်မလဲ

• လက်ကို ဆပ်ပြာနဲ့ရေသုံးပြီး မကြာခဏဆေးပါ။ 

• စက္ကန့် ၂၀ ကြာပါစေ။ 

• အစာမစားမီဆေးပါ။ 

• မျက်နှာကိုထိကိုင်ခြင်းမပြုမီဆေးပါ။ 

• ရေအိမ်သာကထွက်လာလျှင်ဆေးပါ။

• အများအသုံးပြုနေရာတခုခုကပြန်လာတိုင်းဆေးပါ။

• ချောင်းဆိုးနှာချေပြီးတိုင်းဆေးပါ။

• နှာခေါင်းစည်းဖြုတ်ပြီးတိုင်းဆေးပါ။

• နေမကောင်းသူကိုပြုစုထိကိုင်ပြီးတိုင်းဆေးပါ။

• အိမ်မွေးတိရစ္ဆာန်တွေထိကိုင်ပြီးတိုင်းဆေးပါ။

• ဆပ်ပြာနဲ့ရေသုံးပါ။

• ဆပ်ပြာနဲ့ရေ မလွယ်တဲ့နေရာမှာ လက်ဆေးဆေးရည်သုံးပါ။

• ချောင်းဆိုးရင် ပါးစပ်ကို ဖုံးထားပြီးသာ ဆိုးပါ။

• လူထူထူရှိရာတွေ ရှောင်ပါ။ 

• အိမ်ပြင်ထွက်ရတိုင်း နှာခေါင်းစည်းတပ်ပါ။ 

• နှာခေါင်းစည်းကို အပြင်ထွက်သူတိုင်းက သုံးမှသာ နေရာဒေသတခုအတွက် အကျိုးများစေတယ်။

• ကလေးအသက် ၂ နှစ်အထိ နှာခေါင်းစည်း မလိုအပ်။

• အိမ်ပြင်ထွက်လျှင် လူတယောက်နဲ့တယောက် ၆ ပေအကွာမှာသာ နေထိုင်သွားလာလုပ်ကိုင်ပါ။

• အိမ်ထဲမှာနေစဉ် ချောင်းဆိုးနှာချေတိုင်း ကိုယ့်တံတောင်ဆစ်ထဲမှာသာပြုလုပ်ပါ။

• အိမ် ကျောင်း အလုပ်နေရာတွေကမျက်နှာပြင်တွေကို ပိုးသေဆေးပါဆေးရည် သို့မဟုတ် ဝိုက်အစနဲ့သန့်ရှင်းပါ။ ပိုးသေဆေး ဖြန်းပြီး တစ်ရှူးအကြမ်းနဲ့သုတ်ပါ။

• တုပ်ကွေးရာသီမဝင်မီကတည်းက တုပ်ကွေးကာကွယ်ဆေးထိုးပါ။ ဒီနှစ်က အရင်နှစ်တွေထက်ပိုပြီးအရေးကြီးတယ်။

• ကိုဗစ်ကာကွယ်တဲ့ ဆေးဝါးနဲ့ အစားအစာ မရှိပါ။

• တရားဝင်ကာကွယ်ဆေးလာလျှင် ထိုးပါ။


ပိုးအကြောင်း၊ ကူးစက်နည်း၊ သန့်ရှင်းနည်း၊ ကာကွယ်ဆေးအကြောင်းစာတွေအားလုံး ဘလော့မှာရှိတယ်။ မမှန်တဲ့ သတင်းစကားတွေကို မပြောပါနဲ့။ မရေးပါနဲ့။ မလိမ်ပါနဲ့။ မယုံပါနဲ့။


COVID-19 ကိုဗစ်ကူးစက်ခံရသူ ၄၀% မှာ ဖြစ်တယ်။ ၃-၄ ပတ်နေမှ ပြန်ကောင်းကြတယ်။

ကနေ့ထွက်တဲ့ ဆေးပညာသတင်းတခုအရ အဲလို အနံ့အရသာပျက်သူတွေမှာ ဆိုးဆိုးဝါးဝါးဆက်မဖြစ်ကြပါ။


 ဒေါက်တာတင့်ဆွေ

၂၃-၁၁-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး