Media မီဒီယာ

ယူအက်စ်အေမှာ မီဒီယာတွေ အများကြီး။ စာရင်းချရေးလို့ မနိုင်အောင် များတယ်။ မီဒီယာတွေက အမျိုးမျိုး။


လိုကယ်သတင်းစာဆိုတာ အလကားဝေတာ။ တီဗွီချင်နယ်တွေ စုံအောင် မဖွင့်အား။ ၄-၅-၆ ခုလောက်သာ ဖွင့်အားတယ်။ ဒေါင့်စုံအောင် ဘက်စုံအောင် ဒီမိုကရက်ဘက်ကမီဒီယာ၊ ရီပတ်ဘလီကင်င်္မဒီယာ နှစ်စုကို နားထောင်ရတယ်။


အဲတာတွေနဲ့ အလုံလောက်သေး။ ဗြိတိန်က ဘီဘီစီလည်း ဖတ်ရသေးတာ။


ကိုဗစ်သတင်းအတွက် အဲဒါလည်း မလုံလောက်သေး။ ကာတာကလွှင့်တဲ့ မွတ်ဆလင်ကမ္ဘာက အယ်လ်ဂျာဇီးရာလည်း ဖွင့်ရ ဖတ်ရ နာထောင်မှ။


အမေရိကန်ရွေးကောက်ပွဲသတင်းတွေကို ပိုစုံအောင် လန်ဒန်စကိုင်းနဲ့ ပဲရစ်-၂၄ ကိုပါဖွင့်ရတယ်။


တွစ်တာရှိမှသာ ဒေါ်နယ်ထရမ့်ပြောတာ သိနိုင်တယ်။ ထရမ့်က ဖေါက်စ်နယူးစ်ကိုသာနားထောင်သူ။ ရှယ်ယာတွေပိုင်လို့။


ကနေ့မနက်သတင်းတခုက ဖေါက်စ်တီဗွီက အိမ်ဖြူတော် သမတလက်ထောက်ပြောတဲ့ ရွေးကောက်ပွဲ မသမာမှုပြောဆိုချက်မှာ သက်သေပြတာမပါလို့ အပြည့်အစုံလွှင့်မပေးဘူးတဲ့။


သူတို့မီဒီယာတွေအကြောင်း သူငယ်တန်းအဆင့်သာ သိပါတယ်။


မြန်မာပြည်သတင်းကို ဘီဘီစီ၊ ဗွီအိုအေနဲ့ အာရ်အက်ဖ်အေအပြင် ဧရာဝတီပါ ဖတ်ပါတယ်။ ကျန်တာတွေကတော့ သွားရင်းဟန်လွဲ။ ဆိုရှယ်မီဒီယာကတော့ ရှောင်လွှဲမရ။ အမှန်ယူစရာ ပါတာရှားတယ်။ ခိုင်မာတာ မပါသလောက်။


အရေးထဲ ဟိုတစ ဒီတစသာသိသူတွေက လာလာငြင်းကြတာ အချိန်ပိုကုန်စေတယ်။


Media 2 မီဒီယာ အဆက်


မြန်မာပြည်သတင်းကို ဆရာပြောတဲ့ လေးခု မလိုပါဘူးဗျာ လေးခုစလုံးက တသံတည်းထွက်မှာ အဲဒီအထဲက BBC တခုရယ် ပြည်တွင်း မီဒီယာတခုရယ် နားထောင်မှ ဆရာ့အနေနဲ့ နှစ်ဖက်စကား ကြားရပါလိမ့်မယ်ဗျာ


မဟုတ်ပါ။ ၄ ခုက မတူပါ။ သေချာဖတ်သူမှသာသိတယ်။ သူတို့လည်း နည်းနည်းပြောင်းနေတယ်။ ဦးစီးသူအပေါ် မူတည်တယ်။ ပရော်ဖက်ရှင်းနယ်တော့ ကျကြတယ်။ 


ပြည်တွင်းက မြင်ခင်းသစ်များနေသေးတယ်။ အိမ်နီးချင်းနိုင်ငံက ဝယ်ထားတာပါရှိလာတယ်။ ပရော်ဖက်ရှင်းနယ်ကျတာ ရှားတယ်


အဲလိုလာတာလည်း အချိန်ကုန်စေတယ်။ တစသတ် ၃ လုံးကိုပြင်လိုက်တယ်။ အဲဒါလည်း အချိန်ပိုကုန်တာပဲ။


နောက်ထပ် အဲလိုဟာတွေ မလာရင်ကောင်းမယ်။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ