ဒို့ရင်ထဲက ပန်းလှလှကို





ဒို့ရင်ထဲက ပန်းလှလှကို

တဘဝလုံး သိမ်းထားပါ


ပို့ပေးသူ ကျေးဇူး။


မြန်မာစာပန်းအလှကား သိမ်းထားခြင်း မခံရပါ။ ဆောရီး။


ဒေါက်တာတင့်ဆွေ


လာကြလာကြ

ရေပက်ကြစို့

တဘဝအတွက်

လက်ဆက်စို့


ပို့ပေးသူ ကျေးဇူး။


မြန်မာစာ ဘဝပြောင်းသွားပြီ။ ကောင်းရာသုဂတိ လားပါစေ။


ဒေါက်တာတင့်ဆွေ


ပျော်ပျော်ပြုံးပြုံး

အချစ်ဆုံးနဲ့

တသက်လုံးဘဲ နေချင်တယ်။


ပို့ပေးသူ ကျေးဇူး


ခုခေတ်ကဗျာဆရာ မြန်မာစာပါမောက္ခတွေကတော့ (တစ်သက်လုံးပဲ) တဲ့။


ကျွန်တော်က အဲလိုပလီရေးတာမျိုးတွေကို မဖတ်တတ်။


ဒေါက်တာတင့်ဆွေ


ကိုယ်တယောက်ထဲ

မသွားရဲလို့

မင်းဘဲ အဖော်လိုက်ပါအုံး။


ပို့ပေးသူ ကျေးဇူး။


နောက်တက် မြန်မာစာပါမောက္ခတွေကတော့ -

(တစ်) ယောက်တည်းတဲ့

(မင်းပဲ) တဲ့။ 

(အုန်း) တဲ့။

မပြောရဲပါ။


ဒေါက်တာတင့်ဆွေ

Comments