COVID19 ကိုဗစ် မေးခွန်း

မင်္ဂလာပါ ဆရာရှင့် ကျွန်မ အမျိုးသားအတွက်မေးချင်လို့ပါရှင့်။ ဖြစ်နိုင်မယ်ဆိုရင် messengers မှာပဲ Reply ပြန်ပေးလို့ ရလားရှင့် အလုပ်ကလဲ သူတို့သွေးစစ်တာ သူများတွေ မသိစေချင်လို့ပါရှင့်


မေးခွန်အပြည့်အစုံကို ပို့စ်မှာ မသုံးပါ။ ကိုဗစ်မေးခွန်းဖြစ်လို့ အများလည်းသိစေအောင်တော့ တင်ပါမယ်။ 


ကိုဗစ်ကို စစ်ဆေးမှသာ ကူးစက်ခံရတယ် စမ်းမတွေ့တော့ဘူးလို့ သိနိုင်တယ်။ စစ်ဆေးနည်း ၂ မျိုးသုံးတယ်။ Viral tests ဗိုင်းရပ်စမ်းနည်းနဲ့ Antibody tests အင်တီဘော်ဒီစမ်းနည်း။


၁။ COVID19 Molecular tests လက်ရှိကူးစက်မှုရှိ မရှိသိမယ်။ deep nasal swab ခေါ် နှာခေါင်းကနေ ဂွမ်းစနဲ့ယူပြီး စမ်းရတယ်။ 


၂။ COVID19 Antigen Tests အင်တီဂျင်စမ်းနည်းကို Polymerise Chain Reaction (PCR) tests စမ်းနည်းလို့ ခေါ်တယ်။


Serology tests အင်တီဘော်ဒီရှိ မရှိစစ်နည်းကို ရောဂါရှိမရှိစမ်းတာအတွက် မသုံးပါ။ အင်တီဘော်ဒီရှိသူဆိုတာ ကူးစက်ခံထားရပြီးသူ။


စမ်းတွေ့သူ သီးခြားခွဲနေထိုင်ရမယ်။ အောက်စီဂျင်လယ်ဘယ် တိုင်းရမယ်။ Pulse Oximeter အောက်စီမီတာနဲ့စမ်းတယ်။ သွေးထဲမှာရှိတဲ့ အောက်စီဂျင်ဆိုင်တယ်။ SpO2 100% ကနေ 96% က အကောင်းဆုံး။


သီးခြားခွဲနေထိုင်စဉ်မှာ အသက်ရှူရတာ၊ နေထိုင်ရတာခက်ခဲတာဖြစ်လာရင် အရေးပေါ်ဆေးရုံသွားရမယ်။

အတူနေသူတွေ၊ အတူအလုပ်လုပ်သူတွေနဲ့ ထိစပ်မှုရှိသူတွေပါ စစ်ဆေးရမယ်။

တိုင်းပြည် နေရာဒေသအလိုက် စစ်ဆေးနည်း၊ ကန့်သတ်နည်းတွေက မတူကြပါ။ နေထိုင်ရာတိုင်းပြည် ကျန်းမာရေးဌာနက ညွှန်ကြားတာ လိုက်နာရမယ်။

အများစုက သက်သာပျောက်ကင်းလာကြတယ်။ ၂၀% လောက်သာဆိုးတယ်။ အဲဒါလည်း တိုင်းပြည် နေရာဒေသအလိုက် မတူကြပါ။

အသက်ကြီးသူတွေနဲ့ ရောဂါအခံတခုခုရှိသူတွေက ဆိုးတယ်။ 

အသက်ငယ်သူတွေထဲက ကောင်းပြီး ပြန်ဖြစ်သူလည်း နည်းနည်းပါးပါးရှိတယ်။

ကာကွယ်ဆေး မြန်မာပြည် မရောက်သေးပါ။

အစားအသောက် ရှောင်ရန်မလို။ ဘယ်ဟာစားလို့ ပိုကောင်း ပိုဆိုး မရှိ။

ဘယ်ဆေးတွေသောက်လို့ ကာကွယ်နိုင်တယ်ဆိုတာ တရားဝင်လမ်းညွှန် မဟုတ်။

လက်ဆေးပါ။

အပြင်မသွားပါနဲ့။

မဖြစ်မနေသွားလာရရတိုင်း နှာခေါင်းစည်းသုံးပါ။ 

မဖြစ်မနေသွားလာရရတိုင်း ၆ ပေကွာမှာသာ နေထိုင် သွားလာ လုပ်ကိုင်ပါ။


ဒေါက်တာတင့်ဆွေ

၁၄-၁၁-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး