မူပိုင်ခွင့်ကို စော်ကားအားပေးတဲ့ခေတ်

လူထုဒေါ်အမာရဲ့ သတင်းဆောင်းပါးပါဆရာ အဲ့ဒီအထဲမှာ ပြေ့ညပ်လို့သုံးထားတာတွေ့လို့ အရင်က အဲ့ဒီလိုပဲ သုံးကြပါသလားဗျ။


ဟုတ်။ အရင်ကလည်း တချို့သတ်ပုံတွေက အဲလိုရေးကြတာရှိတယ်။ သတင်းစာ သီချင်း ကာတွန်းတွေမှာ မတူတာတွေ ပါတယ်။ သတ်ပုံကျမ်းသဘောတော့ ယူလို့ မရပါ။


ဟုတ်ကဲ့ပါဆရာ


မူရင်းစာပါ သတ်ပုံကို ကိုယ်ထင်တဲ့သတ်ပုံနဲ့ ပြင်ရေးသာထုတ်ဝေတာတော့ မသင့်ပါ။ မူရင်းစာရေးသားတဲ့ ဆရာတော်တွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေကို စော်ကားသလို ဖြစ်တယ်။ 


ခုခေတ်က စော်ကားနည်းကို အားပေးတယ်။ စော်ကားပြီး သတ်ပုံပြင်ထုတ်တဲ့စာအုပ်တွေကို ပိုက်ဆံပေးဝယ်ကြတယ်။ ကျွန်တော်က ဆန့်ကျင်ပါတယ်။ ဆောရီး။


ဒေါက်တာတင့်ဆွေ

၃ဝ-၁၁-၂ဝ၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး