Platelet-rich plasma (PRP) therapy ကုထုံး

ဆရာရှင့် အသည်းလူနာတွေအတွက်ရော PRP သွေးရည်ကြည်ကုထုံးရှိပါသလားရှင့် ဆံပင်မပေါက်သူတွေကို သွေးရည်ကြည်ကုထုံးပေးကုသသလိုအသည်းရော ရနိုင်ပါသလားရှင့်


အတိုကောက်စာလုံးတွေ အလွယ်တကူ မသုံးသင့်။ PRP စာလုံးနဲ့ သက်ဆိုင်တာတွေ အများကြီးရှိတယ်။


အသဲရောဂါတွေက အများကြီး။ အသဲရောင် အေဘီစီ၊ အသဲကင်ဆတာ စသည်။ ဆံပင်ရောဂါတွေကလည်း တမျိုးမကရှိတယ်။


Platelet-rich plasma (PRP) therapy ကိုမေးတာလို့ထင်တယ်။ သွေးမှုန်ထိုးကုသနည်းဖြစ်တယ်။ ထိခိုက်ဒဏ်ရာတွေအတွက် လူနာရဲ့သွေးထဲက သွေးမှုန်ကို အားပြင်အောင်ပြုပြင်ပြီး အနောနေရာကိုထိုးပေးနည်း။ tendons အရွတ်ကြော၊ ligaments အရွတ်၊ muscles ကြွက်သားနဲ့ joints အဆစ်တွေမှာလုပ်တယ်။ ပျောက်တာ မြန်စေဘို့ဖြစ်တယ်။ 


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး