စကားပြောတတ်လား

ဆရာခင်ဗျား။ ယနေ့ခေတ်အသုံးအနှုန်းတွေမှာ အငြင်းဖြစ်တဲ့ (မ) ကိုနေရာလွဲအသုံးပြု ရေးသား ပြောဆိုမှုတွေ များလာတာ တွေ့ရပါတယ်။ ဥပမာအားဖြင့် - မလုပ်တတ်ဘူး ဆိုတဲ့အသုံးအနှုန်းအစား (လုပ်မတတ်ဘူး) ဟူ၍လည်းကောင်း၊ မသွားတတ်ဘူး အစား (သွားမတတ်ဘူး) ဟူ၍လည်းကောင်း အသုံးပြုနေကြတာတွေ့ရပါတယ်။ အငြင်းပုဒ် (မ) ကို အထက်ပါအတိုင်းသုံးရင် သင့်တော်ပါသလား။ နှောင်းလူများ စတန့်ထွင်ရင်း အမှန်မှတ်ပြီး အမှတ်မှားမှာစိုးလို့ ရှင်းပြစေချင်ပါတယ်ခင်ဗျား။


ဟုတ်။ တခါတော့ ရေးဘူးတယ်။ မ ကိုနေရာလွဲရင် အဓိပ္ပါယ်ပါ လွဲတတ်တယ်။ နေရာတိုင်းတော့ မဟုတ်။


ထမင်းမစားရသေးဘူး နဲ့ ထမင်းစားမရသေးဘူး အဓိပ္ပါယ် အတော်ကို မတူပါ။


ထမင်းမစားရသေးဘူးဆိုတာ ထမင်းမကျက်သေးလို့၊ ထမင်းဝယ်မစားနိုင်လို့  ဖြစ်ပါတယ်။

ထမင်းစားမရသေးဘူးဆိုတာ ပါးစပ် လျှာနာနေလို့၊ ဗိုက်ခွဲထားလို့ ဖြစ်ပါမယ်။


မသွားတတ်ဘူး နဲ့ သွားမတတ်ဘူးက တမျိုး။ မသွားတတ်ဘူးက လမ်းမသိလို့။ သွားမတတ်က အဓိပ္ပါယ်မရှိ။ သွားမတပ်ဆိုတဲ့ သွားအတုတပ်မထားတာလား စဉ်းစားမိစေမယ်။


ကျမကလေးက ငယ်သေးတော့ စကားပြောမတတ်သေးဘူးဆိုတာ ကလေးအမေကိုယ်တိုင်က စကားမပြောတတ်တာ။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး