ချစ်တဲ့သူငယ်လေ

သည့် နှင့် တဲ့ အသုံးကိုသိချင်ပါတယ်။ သေသေချာချာ စဉ်းစားကြည့်လိုက်တဲ့ အခါ သေသေချာချာ စဉ်းစား ကြည့်လိုက်သည့်အခါ ဒီနှစ်မျိုး ဘယ်ဒါ အမှန်ပါလဲ ဆရာ


တည့်

တည့်မတ်

တည့်တည့်ပြောမှ ရိပ်မိသည်

ဗဟိုတည့်တည့်

လက်တည့်သည်

နေမွန်းတည့်


တဲ့

တဲ့တိုး (ဒဲ့ဒိုး) ပြောပါ

တဲ့တိုးပြော

အဲ့တဲ့တဲ့

တောက်တဲ့

တော်တလဲ့ရွာ

စီးတဲ့ရေ ဆည်တဲ့ကန်သင်း


တဲ့ ဆိုတာ စကားအသုံးဖြစ်တယ်။ စာလို သော၊ သည့်။ သွားတဲ့ လာတဲ့အခါ။ သူပြောတဲ့ စကား။ အဲလိုပြောတာတဲ့။ ချစ်တဲ့သူ။ ပြောတဲ့သူ။


စကားပုံတွေက အများအားဖြင့် စကားပြောသလို၊ ဆုံးမစာတွေသာ စာရေးသလို။


သည့်

ဆိုသည့်စကား

ပြောသည့်အရာ

သည့်ပြင်မရှိ

ပြုသည့်ကိစ္စ


ချစ်တဲ့သူငယ်လေ


ချစ်တဲ့သူငယ်လေ

ငယ်ငယ်တုံးက အဖြစ်တွေ

ခရေတွေကောက်လို့ တို့နှစ်ယောက်ရယ်လေ

အတူတူ စားစားသွားသွား

တတွဲတွဲ မခွဲ အတူနေ

ချစ်တဲ့သူငယ်လေ


ကြာနွယ် ကြာရိုးကလေးတွေ

သီကာသီကာ လည်ဆွဲကလေးပမာ အခြေ

သူပန်ဆင်ရန် တမင်ကိုယ် ခူးပေးခဲ့တာတွေ

ငယ်သူ အတွေးကလေးတွေ

အလွန်ကြည်နူး ချစ်စရာပေ

အချိန်တွေ ရွေ့ပြောင်း ညောင်းခဲ့ပေ

တို့ဘဝနဲ့အတူလေ

ချစ်တဲ့သူငယ်လေ


တနယ်စီရယ်ဝေး အဆွေးမပြေ

အချိန်တွေ ကြာလေလေ သတိရလေလေ

ရင်မှာ ဝေဒနာတွေ ခံစားခဲ့ရတာတွေ

ချစ်တဲ့သူငယ်လေ


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး