Last Months of Donald Trump ဒေါ်နယ်ထရမ့်၏ နောက်ဆုံးလများဟူသောသတင်း

အမေရိကန်ရွေးကောက်ပွဲကို ၄ နှစ်တခါ ကျင်းပတယ်။ နိုဝင်္ဘာလ ပဌမအင်္ဂါနေ့။ ၂၀၂၀ အတွက် ၃-၁၁-၂၀၂၀ နေ့က ဖြစ်တယ်။ မဲတွေရေတွက်နေတယ်။ အပြီး မသတ်သေးပါ။

ဒီတခါက ထူးခြားတယ်။ မဲ ၃ မျိုးရှိတယ်။ (၁) ရွေးကောက်ပွဲနေ့မှာ လူကိုယ်တိုင်လာပြီးမဲပေးသူတွေ၊ (၂) မတိုင်ခင်မှာ လူကိုယ်တိုင်လာမဲပေးသူတွေနဲ့ (၃) စာတိုက်ကနေ မဲပေးသူတွေ။

မဲရေတွက်ရတာလည်း အဆင့်ဆင့်။ ပြည်နယ်အလိုက် မတူတာတွေရှိသေးတယ်။ ရွေးကောက်ပွဲကော်မရှင်ဆိုတာ မြန်မာပြည်နဲ့ အိန္ဒိယပြည်တွေမှာလို ဗဟိုကတခုတည်းကတာဝန်ယူတာ မဟုတ်ပါ။ ပြည်နယ်တိုင်းမှာ ရှိတယ်။ (စကရေထရီ အော့်ဖ် စတိတ်) ကနေဦးစီးတယ်။ ဥပဒအရလုပ်ရတယ်။

၂၀၂၀ ရွေးကော်ကပွဲအတွက် မဲရေနည်းမှာ ရွေးကောက်ပွဲနေ့မှာ လူကိုယ်တိုင်လာရောက်မဲပေးသူတွေရဲ့မဲကို အရင် ရေတွက်တယ်။ နောက် ကြိုတင်လူကိုယ်တိုင်လာပေးသူတွေရဲ့မဲကို ရေတယ်။ နောက်ဆုံး စာတိုက်မဲတွေကို ရေတယ်။

အခုစာရေးနေချိန်ထိ တရားဝင်ရလဒ် မထွက်သေးပါ။ ခိုင်မာစိတ်ချရနဲ့ သတင်းဌာနတွေကို ကြည့်ရတယ်။
News - Joe Biden – Donald Trump
CNN - 253 - 213
BBC - 243 - 214
Aljazeera - 264 - 214
France 24 English - 264 - 214

တရားဝင်ရလဒ်တွေရတော့ အီလက်တာအဖွဲ့ကနေ အတည်ပြုရသေးတယ်။ အငြင်းပွါးရင် ဟောက်စ် အော့် ရီပရင့်ဇက်တေးတစ်ဖ် ခေါ် အောက်လွှတ်တော်က ဆုံးဖြတ်မယ်။ ဥက္ကဋ္ဌ နန်စီပလိုစီက အဆင်သင့်ပါပဲတဲ့။

ဒေါ်နယ်ထရမ့်က (လောဆု) ခေါ်  တရားရုံးတိုင်ထားတယ်။ အနည်းဆုံး ၃ နေရာ။ ပင်ဆယ်လ်ဗေးနီးယား၊ မီချီကန်နဲ့ ဂျော်ဂျီယာ။

အားလုံးရှင်းလင်းတော့မှသာ သမတ သစ်တက်ရမယ်။

သမတသစ်ဟာ ၄ နှစ်သက်တမ်းအတွက် ကျမ်းသစ္စာကျိန်ရတယ်။ ၁၉၃၇ ခုနှစ်ကတည်းက ရွေးကောက်ပွဲအပြီး ဇန္နဝါရီလ ၂၀ ရက် (တနင်္ဂနွေ မဟုတ်ရ) နေ့ အမေရိကန်အရှေ့ပိုင်းစံတော်ချိန် မွန်းတည့်ချိန်မှာ လုပ်တယ်။ ရွေးကောက်ပွဲ အပြီး ၇၂ သို့မဟုတ် ၇၈ ရက်ကြာတယ်။ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကျမ်းကျိန်ရက်ဟာ အတွက် ၂၀-၁-၂၀၂၁  ဗုဒ္ဓဟူးနေ့ ဖြစ်မယ်။

မနေ့ညက သတင်းတခုမှာ သတိထားစရာပါတယ်။ အကယ်၍သာ ဒေါ်နယ်ထရမ့် ရှုံးခဲ့ရင် နောက်ဆုံးလတွေမှာ ကြမ်းလိမ့်မယ်တဲ့။ အဲတာက မီဒီယာရီပို့ သာဖြစ်ပါတယ်။ ကြိုတင်ကာကွယ်မှုတွေတော့ လုပ်နေကြတယ်။

မီဒီယာသတင်းတိုင်းက ယုံရတာမဟုတ်ပါ။ ရွေးကောက်ပွဲရလဒ် တင်တာတိုင်းလည်း မယုံရပါ။ ခန့်မှန်ချက်တွေ တင်ကြတယ်။ ၃-၁၁-၂၀၂၀ တမြန်နေ့ည သတင်းတချို့အရဆိုရင် ဂျိုးဘိုင်ဒင် နိုင်စရာအကြောင်းမရှိတော့ပါ။
ကြိုတင်မဲတွေက ဒီမိုကရက်က များသတဲ့။

သတင်းကို ခိုင်မာတာရှာရတယ်။
မခိုင်မာတာတွေ မတင်သင့်။
မခိုင်မာသေးတာအတွက် အကောင်း အဆိုး မပြောသင့်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး