မဝသုန်မိုး

ဘီဘီစီ မြန်မာပိုင်းမှာ ဖတ်ရတယ်။  မြန်မာလူမျိုးမဟုတ်ဘဲ မြန်မာစာကို ကျွမ်းကျင်မှန်ကန်အောင် ရေးနိုင်၊ ဖတ်နိုင်၊ ပြောနိုင်အောင် ကြိုးစားနေတဲ့ နိုင်ငံခြားသူ တစ်ယောက် (တယောက်) ရှိပါတယ်။ သူက ရုရှားသူ မဝသုန်မိုးပါ တဲ့။


ကျွန်တော်တို့ငယ်ငယ်က ပြောစကားတခုရှိတယ်။ အေဘီစီဒီ မတတ်ပဲနဲ့ အရပ်ထဲကိုလည်။


ခုခေတ်မှာတော့ မြန်မာစာ မသင်ကြားပဲ နိုင်ငံခြားကိုလည်။ 


မြန်မာစာကို မသင်ကြားတာတော့ မဟုတ်ပါ။ သတ်ပုံမှန်ကို မသင်ကြာခြင်းသာဖြစ်ပါတယ်။


မိခင်ဘာသာစကား အလေးထားသူ ရှားပေပြီ။ လွတ်လပ်ရေးကျောက်တိုင်ပါ မြန်မာစာသည် အမှားဖြစ်၍၊ ဖွဲ့စည်းပုံပါ မြန်မာစာသည် အမှန်ဖြစ်နေပြီ။


ဇာတိသွေးဇာတိမာန် တခဲနက် တက်ကြွလာအောင် ပြည်ထောင်စု ပြည်သူလူထုကြီးတရပ်လုံးအား အချိန်မှီ (အချိန်မီ) စွမ်းဆောင်ပေးနိုင်သည် ဖြစ်ပါစေသတည်း။


ဒေါက်တာတင့်ဆွေ

၁-၁၂-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး