Never Let Them See You sweat ချွေးထွက်တာ လူမမြင်စေနဲ့

နှစ်သစ်ကူးပြန်တော့မယ်။ ဆုတောင်းပေးသူတွေ ဆုတူရပါစေ။ ကျွန်တော့်လက်တဖက်ကို နိုင်ငံရေးအတွက်သုံးပါတယ်။ နိုင်ငံရေးမှာ ဆုတောင်းတာ သိပ်မတွေ့မိသလို ဆုပြန်ပေးစရာလဲ ရှားပါးလှတယ်။

ကျွန်တော် ပြည်ပကိုထွက်ပြေးရတော့ ပုလဲကအိမ်လေးကို စစ်အစိုးရကချိတ်ပိတ်လိုက်လို့ မိသားစုက မုံရွာသွား အိမ်ငှားနဲ့ နေကြရတယ်။ အိမ်နီးချင်းတွေက ကောင်းကြတယ်။ အဒေါ်ကြီးတယောက်က ဒေါ်မြမြအေးကို အကြံပေးတယ်။ အေးရေ မနက်မှာ သူများတွေမနိုးခင် ထ၊ အိမ်မှုကိစ္စတွေ ပြီးစီးအောင်လုပ်ထား။ သူများတွေ အိပ်ယာထလောတော့ ဘာမှ မလုပ်ရသလိုနေတဲ့။ သူ့ကြည့်လိုက်ရင် သနပ်ခါးအဖွေးသားနဲ့ အဝတ်အစားက သပ်သပ်ရပ်ရပ်။ ချက်စရာပြုပ်စရာတွေက ပြီးနေပြီ။ နေအိမ်လေးလည်း သန့်ရှင်းလို့။

ကနေ့ပြည်တွင်းမှာ အတန်အသင့်တိုးတက်ပြောင်းလဲလာတာလေးတွေအတွက် မနက်မလင်းခင်က ရှင်းလင်း သုတ်သင်ပေးခဲ့ကြသူတွေကို ကျေးဇူးတင်ကြရမှာပါ။

ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂ဝ၁၄
၂၉-၁၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး