Jujube Jam ဇီးယိုကုထုံး
နာမည်ကြီးလာတဲ့ ဇီးပင်ကြီးကို လိုက်ရှာပြီး ဖတ်ပါတယ်။ ရေးတဲ့ဆရာဝန်ကတော့ ဘလာဘလာဘလာ ထည့်ရေးတယ်။ တကယ်ကို ဗလာဗလာဗလာပဲကိုး။
ဖောင်ကြီးတော့ တက်ခဲ့ရတယ်။ မဆလ ခေတ်မှာ။ မဆလ နည်းနာနဲ့ သင်ခန်းစာတွေ။ အခုက ဘာခေတ်လဲ။ ဘလာနဲ့ ဗလာ ရောထားတဲ့ခေတ်။
မဆလ ခေတ်မှာ ဘာသာရေးမပါ၊ လူမျိုးရေးလည်း မပါ။ နိုင်ငံရေးမှာ အညမည သာ။ အခုခေတ်မှာ ဘလာနဲ့ ဗလာ။
အလည်ပြန်တုန်း သူငယ်ချင်းဆရာဝန်တယောက်က ဆရာဝန်တွေကို ခေါ်ပြီး ပညာပေးတာတခု ပြောပြတယ်။ နဝတ ခေတ်က။ ဆရာဝန်တွေ ဓါတ်ပုံ ၃ ပုံ ပြသတဲ့။ တပုံက ကျွန်တော်တဲ့။ အော့့်
ဆရာဝန်တွေလည်း ဇီးယိုကုထုံး သုံးရမလို။ ဆေးညွှန်းရေးပေးရမဲ့သူတွေက လူနာတော့ မဟုတ်။ ဗလာ နဲ့ ဗာလ။
ဗာလ = မိုက်သည်၊ ငယ်သည်၊ မလိမ္မာ
ဗာလဓမ္မ = လူမိုက်တို့၏တရား
ဗာလလောက = လူမိုက်လောက
ဗာလလက္ခဏ = လူမိုက်၏မှတ်ကြောင်းလက္ခဏာ
ဗာလနိမိတ္တ = လူမိုက်ဟုသိကြောင်းအမှတ်
ဗာလတရ = လွန်စွာမိုက်သည်
ဒေါက်တာတင့်ဆွေ
၂၁-၁၂-၂၀၁၈

Comments
Post a Comment