လက်ဝဲစာလုံးရေးနည်း

ဆရာ လက်ဝဲစာလုံးရေးနည်းလေး သင်ပေးပါ့လား ဆရာ ကျွန်တော်မရေးတတ်လို့ (တက်ကို တတ်လို့ ပြင်လိုက်တယ်။)

သင်ဆရာနဲ့ မသင်ယူခဲ့ဘူးပါ။ မြင်ဆရာတွေသာရှိတယ်။ လက်ဝဲစာလုံးရေးနည်း သိသလောက်တော့ ရေးပါမယ်။

ဘယ်စာမဆို အခြေခံတာကဘာလဲရှိတယ်။ မြန်မာစာဟာ ဝလုံးကိုအခြေခံတယ်။ ဝိုင်းဝိုင်းစက်စက် များတယ်။ အင်္ဂလိပ်စာက မျဉ်းများတယ်။

လက်ဝဲစာလုံးကို တစောင်းရေးကြတာများတယ်။ အတည့်လည်းရေးပါတယ်။ အခြေခံက ဝိုင်းစက်မနေပါ။ ဘဲဥပုံလည်း မဟုတ်။ လေးထောင့်လည်းမကျ။ ထောင့်နေရာက ခပ်တုံးတုံး။

စုတ်တံအပြားနဲ့ရေးတာ ကိုက်တယ်။ ဘောပင် ခဲတံနဲ့ရေးလည်း အခြေခံက တူရတယ်။ ခပ်ကြီးကြီးရေးချင်တဲ့အခါ စုတ်တံလည်းမရှိရင် ခဲတံနှစ်ချောင်းပူးကိုင်ထားပြီး ရေးတယ်။ ခဲတံတွေကို လက်ထဲမှာ အသေကိုင်ထားရမယ်။ စောင်းတဲ့ ဒီဂရီကို မပြောင်းနဲ့။

ဘယ်အရာမဆို တသမတ်တည်း တညီတည်းဆိုရင် ကြည့်ကောင်းတယ်။ မျဉ်းကောက်ရေးရင်လည်း စနစ်တကျ ကောက်ရတယ်။

ဘယ်ပညာမဆို အခြေခံနဲ့ စနစ်ကျရပါတယ်။ စိတ်ဝင်စားမှုကနေ တတ်ချင်လာတယ်။ လေ့ကျင့်ရာကနေ ကျွမ်းကျင်လာမယ်။ လိမ္မာလာမယ်။

ဒေါက်တာတင့်ဆွေ
၂၁-၁၂-၂၀၁၈

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်