မုန့်ပေါင်းပွဲတော်
ရှေးယခင်ကတည်းက ကျင်းပခဲ့တဲ့ မုန့်ပေါင်းပွဲကို စစ်ကိုင်းမြို့ ဝေဠုဝန်ငါးထပ်ကြီးဘုရားရှေ့လမ်းတလျှောက်မှာ နတ်တော်လပြည့်နေ့ကနေ ၂ ရက်ကြာကျင်းပတာမှာ လာရောင်းတဲ့ဈေးသည် ၁၀၀ ခန့်၊ တခုလည်း ၁၀၀ တဲ့။
အိမ်ရှင်မကတော့ ဘုတလင်မုန့်ပေါင်းအကြောင်း ပြောနေတယ်။ ဆားလင်းကြီးက မုန့်ပေါင်းရော ထန်းပင်မြစ်ပါ နာမည်ကြီးတယ်။ ကျွန်တော့ခေါင်းထဲမှာတော့ မန္တလေး ဘူတာကြီးလမ်းနဲ့ မင်္ဂလာလမ်းဒေါင့်က မနက်ဝေလီဝေလင်း မုန့်ပေါင်းနဲ့ အကြော်ကို သတိရနေတယ်။
အရင်က ရေးထားတယ်။ ဒေလီမြို့မှာ မုန့်ပေါင်း လုပ်ရောင်းသူမရှိ။ အမေရိကမှာ မုန့်ပေါင်း စားရကောင်းမှန်းသိသူ နည်းလှ၏။
မုန့်ပေါင်းစားရသူတွေ နေကောင်းကြပါစေ။ မုန့်ပေါင်းလုပ်ရောင်းသူတွေ နေကောင်းကြပါစေ။
ဒေါက်တာတင့်ဆွေ
၂၂-၁၂-၂၀၁၈

Comments
Post a Comment