Pork Curry ဝက်သားဆီပြန်

နှစ်သစ်ကူး ဆုတောင်းစာတွေ မနှစ်ကလောက်တော့ မများသေးပါ။ ဆုတောင်းစာတွေလာရင် တောဘုန်းကြီးကျောင်းကို သတိရတယ်။

ဆွမ်းလောင်ပွဲတွေမှာ ဟိုအိမ်ကဆွမ်းဟင်းတမျိုး သည်အိမ်ကတမျိုး လောင်းလှူကြတယ်။ တောမှာ ရတဲ့အသားဟင်းကို အိမ်တိုင်းလိုလိုက ဆွမ်းဟင်းလုပ်ကြရတာ။ ဟင်းချက်နည်းလက်ရာကတော့ မတူကြပါ။ နနွင်းမှုံ အနည်းအများမတူ။ အစပ် ပါ မပါ မတူ။ အရည်နဲ့ ဆီပါတာမတူ။ အရောအနှောထည့်တာလည်း မတူကြပါ။ ဘုန်းတော်ကြီးတွေ ဘုန်းပေးရတာ အဆင်ပြေပါတယ်။ ခုခေတ်တော့ သိပ်မသိပါ။

ခုခေတ်ဆုတောင်းစာတွေက ဘာနဲ့တူလဲဆိုတော့ ကိုယ်တိုင်ချက်ပြုတ်ကြတာ မဟုတ်။ ဆိုင်ကနေ ဝယ်ကြတာ။ ဆိုင်ကလည်း များများရှိပုံမရ။ ဆုတောင်းစာတွေ၊ ပုံတွေ၊ ဗီဒီယိုတွေက ထပ်နေတယ်။ ဝက်သားဆီပြန်တွေချည်းပဲ။ မနက်ပြန်ညပြန် အီနောက်နေတာပဲ။

အိပ်မှာပြုတ်တဲ့ပဲက တခွက်တလေသာပါတယ်။ ကိုယ်တိုင်ထောင်းထားတဲ့ ငရုတ်သီးကလည်း မနည်းလိုက်ရှာရတယ်။ ကိုယ်ပိုင်လက်နဲ့ လုပ်တတ်တဲ့သူ အတော်ရှားသွားပြီ။ အကုန် အတုတွေချည်းပဲ။

(ဝက်သားမစားသူများ ကန်တော့ပါ)

ဒေါက်တာတင့်ဆွေ
၃၀-၁၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး