အလုပ်ထွက်ခြင်း

၆-၁၀-၁၉၇၄ နေ့ကစပြီး အစိုးရခန့်ဆရာဝန်ဖြစ်တယ်။

၈-၁၁-၁၉၈၈ နေ့မှာ နိုင်ငံရေးလုပ်ရန်အကြောင်းပြချကနဲ့ အစိုးရအလုပ်ကနေ ထွက်ခွင့်ရတယ်။

နောက်ဆုံးတာဝန်ထမ်းရတာက ထားဝယ်မြို့ ဟိန်းဇဲသတ္ထုတွင်းမှာ။ အဲဒီမှာ တပတ်သာအလုပ်လုပ်ရပြီးတော့ ၈-၈-၈၈ အရေးအခင်းကြီးဖြစ်တယ်။ ကျွန်တော်က ပုလဲမှာကျန်ရစ်ခဲ့တဲ့မိသားစုဆီဖုန်းဆက်ချင်လို့ ထားဝယ်ရောက်နေတယ်။ အလုပ်ရှိရာကို မပြန်တော့ပါ။ အရေးအခင်းကြီးအတွင်းမှာ ထားဝယ်ကနေ ရန်ကုန်၊ နောက်မန္တလေး၊ မုံရွာ၊ နောက် ပုလဲကို ရောက်အောင် ပြန်လာပါတယ်။

အစိုးရအလုပ်ထဲမှာ စုစုပေါင်း ၁၄ နှစ် ၁ လနဲ့ ၃ ရက်တိတိ ကြာမြင့်ခဲ့ပါတယ်။ ဘာပင်စင်မှ မရပါ။

ဒေါက်တာတင့်ဆွေ
၂၄-၁၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး