လယ်တီဆရာတော်ဘုရားကြီးမွေးနေ့

နတ်တော်လဆန်း ၁၃ ရက်နေ့ဟာ မြန်မာပြည်ရဲ့အကြီးကျယ်ဆုံး စာရေးဆရာ၊ ကဗျာဆရာ၊ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး မွေးနေ့လို့ ငယ်မိတ်ဆွေတယောက်က ရေးလိုက်တယ်။ တမြန်နှစ်က ဒီနေ့မှာပါ။

ကျွန်တော် ၅ တန်းကတည်းက မုံရွာမြို့၊ ရတနာပုံရပ်ကွက်၊ အရှေ့လယ်တီအရှေ့ဖက်မှာရှိတဲ့ အိမ်ကနေ အနောက်လယ်တီကိုဖြတ်ပြီး မုံရွာ-ဘုတလင်ရထားလမ်းကိုကျော်တော့ အထက (၂) ကိုသွားရတယ်။ နေ့လယ် ကျောင်းနားချိန်ဆိုရင် လယ်တီကျောက်စာတိုက်ထဲသွားပြီး သူငယ်ချင်းတွေနဲ့ ဆော့ကစားကြတယ်။ အဲဒီတုန်းက ကျောက်စာတွေကို မွမ်းမံနေချိန်မို့ ကျောက်ချပ်တွေကို ဆောက်ကလေးနဲ့ ထွင်းရေးနေတာကို ရပ်ကြည့်လေ့ရှိတယ်။ ဒုတိယအစမ်းစာမေးပွဲအပြီးချိန်မှာတော့ လယ်တီဆရာတော်မွေးနေ့ဖြစ်လို့ ပွဲကြည့်ရတယ်။

လယ်တီဆရာတော် ရေးသားစီရင်ခဲ့တဲ့စာတချို့ကို အခုထိအလွတ်ရတယ်။

- ခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိသေးလေလိမ့်မလား၊
- ခွင့်သာဆဲမှ မခဲချင်လျှင် အလွဲနင့်ပြင် ရှိသေးလေလိမ့်မလား၊
- ခွင့်သာတုန်းမှ မရုန်းချင်လျှင် အရှုံးနင့်ပြင် ရှိသေးလေလိမ့်မလား။

ပြီးခဲ့တဲ့နွေမှာ အလည်ပြန်တော့ လယ်တီဆရာတော်ရုပ်တုကို ဦးချခဲ့တယ်။ ကျောက်စာချပ်တွေကိုလည်း တတ်နိုင်သလောက် ဖတ်ခဲ့တယ်။

ဒေါက်တာတင့်ဆွေ
၂၄-၁၂-၂ဝ၁၅
၂၄-၁၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး