ဖိုးစော်ကဲ လေးချိုး

လွမ်းမပြေ မန်းမြေတမိတော့
ကမ်းခြေမှာ စမ်းရေစရယ်နဲ့
ဖျန်းလေက တသုန်သုန်။

တဲတဖက်
ဆွဲဖျက်ကာ အရင်လိုရော့ထင်
ကရင်အို ယာပြင်ကြီးမှာ
မီးထဲ့လို့လှုံ။

မပူပေါင် နောက်ဆီက ချမ်းရော့ထင့်
အဖြူစောင် ခေါက်ထည်ကြမ်းကိုလ
လွှမ်းတဲ့လို့ လွှားကာခြုံ
ပါးမှာငုံပါတဲ့ နုရွှေကွမ်း။

ဘေးအိတ်ကယ်သျှို
ဆေးလိပ်တို နားမှာထိုးပါလို့
တောင်ရိုးမှာ ဘာသာသူတို့
ကွင်းအငူ နှင်းမြူက စဲချိန်မို့
အမိုးခေါ် ဖိုးစော်ကဲတို့ရဲ့
တဲပျက်စခန်း။ (အချုပ်တန်းဆရာဖေ)

ဖျန်းလေက တစ်သုန်သုန်၊ တဲတစ်ဖက်လို့ မရေးတဲ့ အချုပ်တန်းဆရာဖေ သတ်ပုံမှားသလား။

ဒေါက်တာတင့်ဆွေ
၂၅-၁၂-၂ဝ၁၆
၂၅-၁၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ