Reunion

ဆေးမန်းက ကျောင်းနေဘက်တွေ ပြန်ဆုံကြတယ်။ အစားအသောက်တွေကို အတူဝင်စားလိုက်တယ်။ အမှတ်တရ ပြောတာတွေကိုလည်း နားထောင်လိုက်တယ်။ ကိုယ်ကတော့ ဝင်ပြောမရ။ သီချင်းဆိုတဲ့လူလိုလည်း ကိုယ်ကမတတ်။ အလည်သွားတဲ့သူတွေလိုလည်း သည်တခေါက်မရောက်။

ဖတ်စ်အမ်ဘီမှာ ဆုံဆည်းကြရသလို။ စက်ကင်းအမ်ဘီမှာ ခင်မင်လာကြသလို။ သာဒ်အမ်ဘီမှာ ရင်းနှီးလာကြသလို။ ပတ်ဝမ်းမှာ အတူစားအတူသွားကြသလို။ ပတ်တူးမှာ ကျားကုပ်ကျားခဲ စာကိုမဲခဲ့ကြသလို။ ဟောက်စ်ကစပြီး တယောက် တနေရာရောက်ခဲ့ကြသလို။ အလုပ်ထဲရောက်တော့ ဘယ်သူ ဘယ်မှာ မသိကြသလို။

အခုအချိန်ကတော့ ဖတ်စ်အမ်ဘီပဲ သူငယ်ချင်းတို့ရေ။

မောင်တင့်ဆွေ
ပဌမ အမ်ဘီ အပိုင်း (က)
ဆေးမန်း

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး