Killing City သတ်ပုံသတ်နည်း မတူပါလေ

မြန်မာစာသတ်ပုံအကြောင်း နေ့တိုင်းရေးပါတယ်။ မေးခွန်းတွေမှာ အမှားတွေပါနေလို့။

သတ်ပုံမမှန်တဲ့ စာရေးဆရာတွေရှိတယ်။ သတ်ပုံလွဲတဲ့ ကဗျာဆရာတွေရှိတယ်။ ကျွန်တော်ကတော့ ပေါ်လစီသတ်ပုံနဲ့ စာတွေကို ဘယ်တော့မှ မဖတ်ပါ။

ပေါ်လစီအရသတ်နည်းမှန်တဲ့သူကို ကန်တော့သူရှိတာ တွေ့လာရတယ်။

စာရေးသတ်ပုံ မှားနေတာကိုတော့ ပြင်ရင် မှန်သွားတယ်။ သတ်ပုံနဲ့ သတ်နည်း မတူပါ။

ကမ္ဘောဒီးယားမှာ ကင်းလင်ဖီးလ်သာမကာ ကင်လင်းထရီးလည်းရှိတယ်။ မြန်မာပြည်မှာ ကင်လင်းစီတီးတွေရှိတယ်။ ရန်ကုန်မှာ အများဆုံး။

ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂၀၁၈

ကိုယ်တိုင်ရေး သူများဖတ်

သမိုင်းစာတွေ ဖတ်စေချင်လို့ ရေးပါတယ်။ သမိုင်းဖတ်ရင် မှန်တဲ့သမိုင်းစာသာဖတ်ပါရန်လို့လည်း အကြံပေးတယ်။

သမိုင်းရေးနေကြတာတွေကိုလည်း ဖတ်စေချင်သေးတယ်။ သမိုင်းပြုစုသူတွေကိုပြောတာ မဟုတ်ပါ။ ကိုယ့်သမိုင်းကိုယ် ရေးနေတာကို ပြောတာ။

တမျက်နှာမှာ ဟုတ်လှပြီ။ နောက်တရွက်လှန်တော့ အော့။ ကန်တော့ပါ။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး