ပညာရေစက်

အမှတ်တရနေရာတွေ လူတိုင်းမှာရှိကြတယ်။ စာသင်ခဲ့တဲ့ကျောင်းတွေလည်း ပါတယ်။ ကျွန်တော်တို့ အလည်ပြန်စဉ်က မုံရွာအထက်တန်းကျောင်းမှာ ဓါတ်ပုံရိုက်ခဲ့တယ်။ မတင်တင် ခေါ် မြမြအေးစာသင်ခဲ့တဲ့ မန္တလေးတက္ကသိုလ်ကိုလည်း အဲလိုပဲ။ ဝိဇ္ဇာပညာနဲ့ ရေစက်ပါတာ အဲတာကြောင့်။

မန္တလေးဆေးတက္ကသိုလ်ထဲတော့ မဝင်ဖြစ်ခဲ့ပါ။ မန္တလေးဆေးရုံကြီးကိုတော့ရောက်ခဲ့ပြီး ဓါတ်ပုံရိုက်ပါတယ်။ နေမကောင်းလို့ မေးကြတာတွေကို ဖြေနိုင်တာ အဲဒီဆေးကျောင်းနဲ့ ဆေးရုံတွေကနေ သင်ပေးလိုက်တယ်။

လေးတန်းအထိ စာသင်ခဲ့တဲ့ မူလတန်းကျောင်းကိုလည်း တကူးတကရှာပြီး ရောက်အောင်သွားခဲ့ပါတယ်။ အခုလို မြန်မာစာရေးနိုင်တာ အဲဒီကျောင်းကနေ သင်ပေးလိုက်တယ်။ သတ်ပုံပြင်သင်တဲ့ကျောင်းမျိုး တကြိမ်တခါမှ မတက်ခဲ့ဘူးပါ။ သမိုင်းလည်း အဲလိုပဲ။

ဒေါက်တာတင့်ဆွေ
၂၅-၁၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး