Broadway ညလုံးပေါက်ဇာတ်

ကုန်းကောက်စရာမရှိအောင် နိမ့်ကျနေတာတွေ၊ ရစရာမရှိအောင် ပျက်စီးနေတာတွေ၊ လက်ညှိုးထိုး အပြစ်တင်ထိုက်သူတွေ အများကြီးရှိတဲ့တိုင်းပြည်ကို ကျွန်တော်တို့မြန်မာပြည်လို့ ခေါ်နိုင်ပါတယ်။ ဥပမာလေး တခုသာပေးပါမယ်၊ ပညာရေး။

မနေ့က ကျောင်းသားမိဘတွေ အင်တာနေရှင်နယ် စကူးတွေကြောင့် ဒုက္ခတွေ့နေရကြောင်း ရေးပြီး စာရေးပါတဲ့။ ကျွန်တော့်ဘာသာရပ်မဟုတ်ပါ။

သိပ္ပံမောင်ဝရေးတဲ့ ရွာ့ကျက်သရေထဲက ဆရာစောကျောင်းမျိုး တကယ်ရှိခဲ့တယ်။ သူရေးခဲ့တာက အင်္ဂလိပ်ခေတ်။ နောက်မှာ ပြည်တော်သာကျောင်းတွေ ပေါ်ခဲ့တယ်။ ဆိုရှယ်လစ်ကျောင်းတွေ ပေါ်ခဲ့တယ်။ ခဏခဏပိတ်ရတဲ့ ကောလိပ်နဲ့ တက္ကသိုလ်တွေခေတ် ရှိခဲ့တယ်။ ဘွဲ့တော့ရခဲ့တာ ကျမ ဘာမမှတတ်ပါလို့ ရိုးသားစွာဝန်ခံတဲ့ခေတ် ရောက်လာတယ်။

ဘယ်အကြောင်းအရာရေးရေး အနှုတ်သဘောရေးစရာတွေက မကုန်ပါ။ အဲတာနဲ့ နိဂုံးချုပ်တဲ့စာဆိုတာ အကျိုးမရှိစေပါ။ မကောင်းတာတွေထောက်ပြပြီး ဆေးနည်းပါသင့်တယ်။ ပညာရေးမှာ တပွဲတိုးနည်းတွေကတော့ များလှပြီ။

ပွင့်လင်းလာတော့ နည်းနာသစ်တွေ စနစ်ကောင်းတွေ ပြောဆိုလာနိုင်ကြတာတယ်။ ကောင်းတော့ ကောင်းပါတယ်။ မကျက်တကျက်ဆိုတာ စားမကောင်းပါ။

ပညာရေးပြင်ရန် အင်္ဂလန်၊ အမေရိကန်ပုံတူတော့ မသင့်ပါ။ ပညာဆိုတာ သင်ပေးရတာ။ သင်ပေးသူတွေက တော်မှ။ တော်ပေမဲ့ သူတို့တတ်တာကလည်း မှန်ပါမှ။ သိပ္ပံဘာသာတွေမှာတော့ နိုင်ငံရေးစွက်ဖက်တာ မရှိသလောက်ပါ။ မြန်မာစာ၊ သမိုင်းနဲ့ အင်္ဂလိပ်စာတွေကတော့ နိုင်ငံရေး မှားလွန်းနေဆဲ။ အမှန်သန္ဓေ မတည်နိုင်သေးပါ။ မွေးဘို့ကတော့ ဝေလာဝေး။

မောင်လူအေးစာအုပ် ပြန်ထုတ်တာမှာ နှစ်တစ်ရာတဲ့။ စာမျက်နှာ ၂၉ဝ မှာ။ တော်ပါသေးတယ်။ စာမျက်နှာ ၂၅၅ မှာ တသက်သက်လို့သာ ရိုက်ထားလို့။ အဲလိုအမှန်အတိုင်းပြန်ထုတာက အလွန်မတန်ရှားတယ်။ သတ်ပုံမပီပေမဲ့ စကားပီရင် တော်သေးတယ်။

အရပ်ဇာတ်မှာ စကားပီအောင် ဆိုကြပြောကြတာလောက်ကို အလင်းပေါက်ကြည့်ရပါဦးမယ်။ အရပ်ဇာတ်ကြည့်နေသူက ဘရော့ဝေးကို စိတ်ကူးယဉ်လို့ မရသေးပါ။

ဒေါက်တာတင့်ဆွေ
၂၅-၁၂-၂ဝ၁၇
၂၅-၁၂-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး