ဆိုင်းဘုတ်နဲ့ ဦးထုပ်

မနှစ်က ဒီနေ့မှာ မွန်မိသားစုရဲ့ အိမ်သစ်တက်ဖိတ်လို့ နှင်းတောထဲမှာ စားဖို့သောက်ဖို့သွားပါတယ်။ ကောက်ညှင်းပေါင်းနဲ့ ရေနွေးကြမ်းပြီးတော့ မုံ့ဟင်းခါးနဲ့ ကောက်ညှင်းဘိန်းမုံ့စားခဲ့ပါတယ်။ ကောင်းတယ်။

ဆိုင်းဘုတ်နဲ့ ဦးထုပ်က ကျောင်းမှာလက်ဆောင်တွေ အလဲအလှယ်လုပ်စဉ်က ရထားတဲ့လက်ဆောင်ပါ။ ဒိုမီနီကန်နိုင်ငံကနေ လာနေကြတဲ့စုံတွဲက ပေးတာ။

ဒီမှာက လူနာမည်ကို ပဌမစာလုံးကို ခေါ်လေ့ရှိကြတယ်။ တချို့ကသာ ကျွန်တော့်ကို ဆရာဝန်လို့ သိကြပါတယ်။ ကနေ့ ဆိုင်းဘုတ်ပါတဲ့ ဦးထုပ်ဆောင်းပြီး ရှိုးထုတ်လိုက်တာ။

ကနေ့ နှင်းမကျပါ။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၇
၃၁-၁၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး