ကနေ့ညစာ ကုလားစာ

မွေးနေ့ရှင် အငယ်ဆုံးသားက ကုလားဆိုင်ကနေဝယ်လာတာ။ သူကမြန်မာပြည်မှာ ဆယ်တန်းအောင်ပြီးတာနဲ့ အိန္ဒိယကို ရောက်လာသူ။ ကုလားပြည်ကအစားအစာတွေနဲ့ ၈ နှစ်ကြာ ရင်းနှီးခဲ့သူ။

၂၄ နှစ်ကြာခဲ့တဲ့ ကျွန်တော်ကတော့ ဒေလီက မဆလာကို နည်းနည်းလေးမှ မကြိုက်။ နယူးဒေလီလို့ပြောရတာက အိန္ဒိယပြည်က ကြီးပြီး နေရာဒေသတွေမတူရင် အစားအသောက်လည်း မတူကြပါ။ တောင်ပိုင်းကအစားတွေတော့ စားနိုင်တယ်။ ဘုံဘေဘက်ကလည်း မဆိုးပါ။ အရှေ့မြောက်ပြည်နယ်တွေကတော့ မြန်မာပြည်ကအတိုင်းပဲ။ မြောက်ပိုင်းက အစားအစာတွေကို ခံတွင်းမတွေ့လှ။ အနံ့ကို ပိုမကြိုက်တာ။

ဆိတ်သားကို သရက်သီးနဲ့ချက်တဲ့ဟင်း။ နံပြားနဲ့ ထမင်း။ မဆလာနံ့ကင်းတာ ရွေးဝယ်လာတာတဲ့။

ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး