တိမ်ပန်းချီ တောလား

တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်၊
တိမ်ပြာရောယှက်၊ မရန်းဖက်၍၊
တိမ်သက်တန့်ရောင်၊ အဝါပေါင်ဝယ်၊
မှောင်ခဲ့တခါ၊ ပြာခဲ့တချို့၊
ညိုခဲ့တလီ၊ ရီခဲ့တဖုံ၊
မှုန်ခဲ့တချက်၊
ယုဂန်ထက်က၊ လေးဘက်လုံးခြုံ၊
တိမ်ဂဠုန်လည်း၊ နဂါးရုံကြွေ့၊
ရန်ချင်းတွေ့သော်
ခိုးငွေ့လွှတ်ပြိုင်၊ ဂုဏ်ချင်းဆိုင်ခဲ့။

မှောင်ခဲ့တစ်ခါ၊ ပြာခဲ့တစ်ချို့၊ ညိုခဲ့တစ်လီ၊ ရီခဲ့တစ်ဖုံ၊ မှုန်ခဲ့တစ်ချက်လို့မရေးတဲ့ ရှင်ဥတ္တမကျော် သတ်ပုံမှားပါသလား။

ဒေါက်တာတင့်ဆွေ
၂၅-၁၂-၂ဝ၁၆
၂၅-၁၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး