ဆောင်းဖွဲ့ လေးဆစ်

သဉ္ဇာလီ ဗွေပြဒုမှာဖြင့်
ခင်သာကီ တမေပုံကိုလ
ဖေယခု ပိုက်လှဲ့ဆို။

မလုံသေးနိုင်ဘု
တုန်အေးရှာ တင်တမေငဲ့
ရင်ရွှေကို လေပြေခတယ်
သဲကြွစိမ့်ဖို။

တသန်းတန် ရတီဖို့သော်လဲ
ကြငှန်းပျံ ကတီမို့မှာတော့
မဒီပျို့ဆောင်းရိပ်ခိုငယ်
အချမ်းပိုပါလို့ ငိုချင်ဆဲ။

ငွေနှင်းငယ်ထန်
ချွေညှင်း တညံညံနှင့်
ရေကင်းသံ တဖန်ကြားရင်လ
လွမ်းအားတော် ဗွေဗျာလှိုင်လို့
ကေညာခိုင် စုခင်လေးမှာ
(ကိုယ်တော်ရေ) မှေးစက်နိုင်ဘဲ။

မှတ်ချက် = အချုပ်တန်း ဆရာဖေရေးထားတာ ခင်သာကီ တစ်မေပုံကိုလ မဟုတ်ပါ။ တုန်အေးရှာ တင်တစ်မေငဲ့ မဟုတ်ပါ။ တစ်သန်းတန် ရတီဖို့သော်လဲ မဟုတ်ပါ။ ချွေညှင်း တစ်ညံညံနှင့် မဟုတ်ပါ။ ရေကင်းသံ တစ်ဖန်ကြားရင်လ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်