တညသ၌

မလှတလှနဲ့ ညတညရဲ့
မြနှင်းဆီရင်ပြင်ပေါ်မှာ
မပျော့်တပျော် မှေးတခဏ
ကလေးဘဝ လွမ်းမိတယ်။

ကျားလျှာချုံ ဆူးချုံနိမိတ်
ဆီးချိုရိပ် တလင်းသာမှာ
ငြင်းကာခုန်ကာ မောင်နှမ
ပြောင်စလိုက် ရန်ဖြစ်လိုက်
ကုန်းကိုက်လို့ အမေ့တိုင်
မနိုင် နိုင်ရာမဲလို့
ခွေးဝဲစား ကန်ချင်ကန်
ရန်စဲယင် ပြန်ခေါ်လို့
ပျော်ပျော်ပင်ဆို သီချင်းတွေနဲ့
အမေ့ကို နှိပ်နယ်နင်းကြ
မောင်ရင်း နှမငယ်။

နောင်အခါ မောင်ဘာဖြစ်မှာလဲ
စိတ်ညစ်ဖွယ် နောင်အရေးကိုဖြင့်
မတွေးပေါင် တို့မောင်နှမ
မိဘရဲ့အရိပ်ဝယ်
ရယ်သံကလျှံဆဲ။

စစ်မီးတွေလောင်
ပစ္စည်းတွေ အကုန်ပြောင်ရော့
ဟိုရှောင် သည်ရှောင်ပုန်းယင်း
အရွယ်နု ဆယ်စုနှစ်တွေးပြုန်းယင်း
အမေရယ် အဖေဆုံးတော့
ပခုံးပေါ်ဝန်ကိုယ်စီနဲ့
ကoီကရီ မနိုင့်တနိုင် ထမ်းပါလို့
ဘဝတခွင် အလှအယဉ် မလွမ်းနိုင်ဘု
လခြမ်းလှေကမှောက်
မြစမ်းရေကနောက်
အကောက်တွေ အကွေ့တွေ ရာထောင်နဲ့
အမှောင် သန်းခေါင်ညတွေကြောင့်
သည်မောင် သည်နှမငယ်တို့
ဘဝမညီဘဲဟာမို့
တစစီကွဲ။

တင်မိုး
၁၄-၁၂-၁၉၇၃
၂၇-၄-၁၉၇၅

ပေါ်လစီသတ်ပုံနဲ့ရေးခဲ့တာမဟုတ်ကြောင်း တင်ပြအပ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ