တွင်းတောင်ခရီး

လွန်ခဲ့တဲ့ ၃၃ နှစ်ကဓါတ်ပုံဖြစ်ပါတယ်။

ဆေးတက္ကသိုလ်၊ နောက်ဆုံးနှစ်အပိုင်း (က) ဆေးကျောင်းသားတွေ နယ်တွေဆင်းကြရတယ်။ ကျွန်တော် ပုလဲမှာ မြို့နယ်ဆရာဝန်လုပ်စဉ် ၁၉၈၅ ခုနှစ်မှာ မန္တလေးဆေးတက္ကသိုလ်က တဖွဲ့လာကြတယ်။ သူတို့ကို ဘုတလင် တွင်းတောင်ကိုလိုက်ပို့ခဲ့ပါသေးတယ်။ အဲဒီထဲက ကျောင်းသူတယောက်ကနေ လှမ်းပို့ပေးတဲ့ ဓါတ်ပုံကို လွန်ခဲ့တဲ့ ၆ နှစ်တိတိကရပါတယ်။ ကျေးဇူး။

အဲဒီတုန်းကတော မဆလ ခေတ်ပါ။ နောက် ၄-၅ နှစ်မှာ ကျွန်တော်က NLD ထဲရောက်သွားတယ်။ အခုတော့ ဆေးကျောင်းသူနဲ့ သူ့ခင်ပွန်းတို့ပါ NLD ထဲရောက်နေကြပြီး၊ ‎တိုင်းအဆင့်တာဝန်ကြီးတခုပါ ယူနေရတယ်။

တွင်းတောင်ကြီးကတော့ ဘဝပြောင်းပြီ။ တွင်းရွာလည်း နေရာရွှေ့ခံရတယ်။ အလည်ပြန်စဉ်က ရွာနေရာသစ်ကို ရောက်ခဲ့ပါတယ်။ ကျွန်တော်လည်း နေရာတွေ ပြောင်းခဲ့ရပြီ။

ဒေါက်တာတင့်ဆွေ
၂၆-၁၂-၂ဝ၁၂
၂၆-၁၂-၂ဝ၁၈
Photo from Khin Khin Cho‎

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး