ဓါတ်တူနံတူ ဆေးနည်းများ

ကျွန်မင့်မှာရေးတဲ့ဆေးနည်းတဲ့။ ပွေးပေါက်တာကို ပွေးကိုင်းရွက်တဲ့။ အဲတာမျိုးကို သံယောင်လိုက်ဆေးနည်းလို့ခေါ်တယ်။

ရမ်းကုဆရာတွေက ခေါင်းကိုက်ရင် ခေါင်းကိုဆေးထိုးပေးကြတယ်။ သံယောင်လိုက်နည်းအရဆိုရင် သန်ကောင်ချဘို့ သံချောင်းသွေးသောက်ခိုင်မှာလား။ ဝဲပေါက်တာကို ဝဲကတော့ထဲ ဆင်းခိုင်းလို့ကတော့ လူပါပျောက်သွားမယ်။

ကျွန်တော့်ဆေးခန်းလေးမှာ တခါခါရယ်စရာပြောပါတယ်။ ချောင်းဆိုးရင် တံတားပေါ်ကနေသွားလို့။ ထမင်းမစားချင်ဘူး ဆိုရင် ခေါက်ဆွဲစားလို့။ ဂျွန်းဒစ် ခေါ် အသားဝါလူနာ ၂ ယောက်လာရင် တယောက်က အဝါရောင်တခုခု ဝတ်လာတယ်။ အဲတာက တိုက်ဆိုင်မှု။

အရပ်နည်းတွေထဲမှာ မျက်စိထဲ ငရုတ်သီးစင်ရင် ဘယ်မျက်စိဆို ညာခြေမကိုရေလောင်းတဲ့။ စိတ်ပြောင်းအောင်လုပ်တာ။ ငရုတ်သီးထဲက စပ်စေတဲ့ဓါတ်က ရေမှာမပျော်။ ဆီမှာသာပျော်တယ်။

ရာသီထိန်နေသူကို ထိန်ပင်ပေါ်တက်ခိုင်းမှာလား။ ထိန်ပင်ဆိုတာ အမြင့်ကြီး။ အမှိုက်ပုံကြီးကလည်း ကြီးတယ်။

Dr. တင့်ဆွေ
၂၇-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး