Brutus ရောမနန်းတော်ကြီးထဲမှာ

အခုရက်တွေမှာ သူများတွေတင်တဲ့ ထွီတွေ ဖတ်နေရတယ်။ ကန်တော့။

ကျွန်တော် အင်နယ်လ်ဒီပါတီထဲကို ပါတီစဖွဲ့ကတည်းကဝင်ပြီး ပြည်တွင်းမှာရော ပြည်ပမှာပါ နိုင်သလောက်ဝင်လုပ်တယ်။ အခုထိ။

ပါတီတခုတည်းကလူတွေနဲ့ ပြည်ပထွက်တယ်။ ၂၄ နှစ် ကြာခဲ့တယ်။

အနည်းဆုံး ၃ ကြိမ်လောက် ဘရူးတပ်စ်လိုလူတွေနဲ့ ကြုံခဲ့ရတယ်။ တခြားပါတီ အဖွဲ့ထဲကလူလည်းပါတယ်။ ကိုယ့်ပါတီထဲကလူတွေလည်း ပါတယ်။

အစကတော့ အဟုတ်မှတ်တယ်။ အထင်ကြီးတယ်။ တာဝန်ပေးတယ်။ အားကိုးတယ်။ နောက်တော့ ဘရူးတပ်စ်ဇာတ် ခင်းတယ်။ ကိုယ်က ညံ့တာကိုး။

ရောမနန်းတော်ကြီးထဲမှာ လူအမျိုးမျိုးရှိတယ်။

ကျွန်တော်က ဆီဇာ မဟုတ်ပေမဲ့ ဇီဇာကြောင်တယ်။ ကားလမ်းဘေး ရွေးစရာဆိုင်ကလည်း တခြားမရှိ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး