A Footwear Doctor ဖိနပ်စီးတဲ့ဆရာဝန်

စောစောက နော်မန်ဗက်သွန်းအကြောင်းကို ခပ်တိုတိုရေးတယ်။ ကျွန်တော်လည်း ငယ်ငယ်က သူ့အကြောင်းစာတွေ ဖတ်ပြီး အားကျခဲ့ပါတယ်။ ဆေးကျောင်းမရောက်ခင်ကပါ။ ဒါပေမယ့် တကယ့်အဖြစ်ကတော့ အတော်ကြီးကိုကွာတယ်။

တရုပ်ပြည်မှာ ဆေးကုပေးခဲ့တဲ့ အောင်မြင်မှုတခုကနေ Barefoot doctors ဖိနပ်မပါဆရာဝန်များလို့ ဝေါဟာရသစ်နဲ့ နည်းနာသစ်ပေါ်ထွန်းလာခဲ့တယ်။ ရိုးရိုးလူတွေကို ရက်တိုတိုနဲ့ ဆေးသင်တန်းတွေ ပေးပြီး၊ ကျေးလက်တောနယ်တွေမှာ ဆေးကုစေခဲ့တယ်။ အခြေခံသန့်ရှင်းမှု၊ ရောဂါကာကွယ်ရေး၊ မိသားစုစီမံကိန်းတွေ သင်ပေးတယ်။ အဖြစ်များရောဂါတွေ ကုသနည်းလည်းပါတယ်။ ၁၉၄၉ မှာ စမ်းသပ်မှုစလုပ်ပြီး၊ တရားဝင်ကတော့ မော်စီတုန်းရဲ့ ၁၉၆၅ ခုနှစ် မိန့်ခွန်းပြောပြီးမှ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ WHO ကနေ အသိအမှတ်ပြုပေးလာတယ်။

ကျွန်တော်လည်း ဒေလီက ယမုန်နာဆေးခန်းလေးမှာ ဆေးပညာကို လူနာစောင့်ရင်း သင်ပေးခဲ့တယ်။ တချို့က ဆေးခန်းမှာ တရက်နှစ်ရက်သာကြာပြီး တချို့က ၄-၅ ခြောက်နှစ်ကြာတယ်။

နော်မန်ဗက်သွန်းက ဖက်ဆစ်ကိုဆန့်ကျင်သလို ကျွန်တော်က စစ်အာဏာရှင်ကို ဆန့်ကျင်ပါတယ်။ သူက တရုပ်ပြည်မှာ လယ်လုပ်နေသူတွေကို ဆေးကုပေးခဲ့တယ်။ကျွန်တော်က အိန္ဒိယ-မြန်မာနယ်စပ်နဲ့ ထိုင်း-မြန်မာနယ်စပ်မှာလည်း ရောက်တဲ့အခါတိုင်း ဆေးကုပေးပါတယ်။ အားလုံးက မြန်မာပြည်ကဒုက္ခသည်တွေ။ အိန္ဒိယမှာ ၁၂ နှစ်ကြာ ဆေးကုခဲ့တာ။ နယူးဒေလီမှာ။ တောနယ်မှာ မဟုတ်ပါ။ လူနာတွေကလည်း မြန်မာပြည်သားတွေ။

ကျွန်တော်က အမြဲဖိနပ်စီးထားသူ။

ဓါတ်ပုံ = ၅-၅-၂ဝ၁၁ နေ့က အိန္ဒိယနိုင်ငံ၊ အိုက်ဇောလ်မြို့နေ မြန်မာရက်ကန်းသမားတွေကို ဆေးကုပေးခဲ့စဉ်က

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ