Degree mill ဒီဂရီစက်ရုံ

အခုရက်တွေမှာ ဖတ်ရတယ်။ သေချာ မသိပါ။ မသိတာရေးတော့ ရမ်းရေးဆရာဝန်ဖြစ်မယ်။ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ခပ်တည်တည်နဲ့တပ် ထွီ တဲ့။ ပေးတဲ့ Uni ကလည်း တက္ကသိုလ်စာရင်းမပေါက် အော့အော့ တဲ့။

မြန်မာပြည်မှာ အရင်အစိုးရလက်ထက်မှာရော အခုအစိုးရလက်ထက်မှာပါ အဲလိုဒေါက်တာဘွဲ့ဝယ်ထားတဲ့ လူကြီးတွေ ဝန်ကြီးတွေ ရှိတယ်။

Degree mill ဒီဂရီစက်ရုံနဲ့ Diploma mill ဒီပလိုမာစက်ရုံလို့ခေါ်တာတွေ နိုင်ငံအတော်များများမှာရှိတယ်။ ဘွဲ့တွေ ဝယ်လို့ ရတယ်။ စက်ရုံလို ထုတ်ပေးမယ်။ ယူအက်စ်အေမှာလည်းရှိတယ်။ တားမြစ်ဥပဒေ မရှိသေးပါ။

ဆေးပညာမဟုတ်တဲ့ နယ်ပယ်တွေမှာလဲ ဒေါက်တာခေါ်တယ်။ တခြားဘာသာရပ်တခုခုမှာ Doctor of Philosophy Ph.D. ဘွဲ့ရရင် ဒေါက်တာ ခေါ်တယ်။

ရှေးအင်္ဂလိပ်မှာ Doctor ဆိုတာ Expert ကျွမ်းကျင်သူ၊ Authority အခွင့်အာဏာရှိသူလို့ အဓိပ္ပါယ်ရတယ်။ ဘမ်းစကား အနေနဲ့ တောစခန်းထွက်ချိန်နဲ့၊ သဘောင်္ပေါ်မှာ ထမင်းချက်သူကိုလဲ ဒေါက်တာခေါ်ပါသတဲ့။

ခရစ်ယာန်ဘာသာမှာ Theology (Th.D.) ဘွဲ့ရထားသူတွေကိုလဲ ဒေါက်တာလို့ ခေါ်တယ်။ Doctor of the Church လို့လဲရှိပါတယ်။

Doctor ခေါ် ဒေါက်တာဘွဲ့စကားလုံးကို တခြားနေရာတွေမှာလဲ သုံးပါသေးတယ်။ တခုခုကို ဆရာဝန်တွေဆေးကုသလို ပြောင်းသွားအောင် လုပ်ပေးတာကိုလဲ ကြိယာအနေနဲ့ သုံးလေ့ရှိတယ်။ ကောင်းသွားအောင်ရော ဆိုးသွားအောင် လုပ်တာမှာပါ သုံးတယ်။

• He doctors people. လူတွေကိုသွားပြီးဆရာလုပ်တယ်။
• He doctored the evidence. သက်သေခံပစ္စည်းကို လိုသလိုပြုပြင်တယ်။
• She doctored the soup with a dash of sherry. စွပ်ပြုတ်ကို ပိုပြီး အရသာရှိအောင် ပြုပြင်စီမံလိုက်တယ်။

ဆန်ပြုတ် စွပ်ပြုတ်ဆိုင်းဘုတ်မှာ ဒေါက်တာတပ်နိုင်ကြပါတယ်။ Smile!

ဒေါက်တာတင့်ဆွေ
၂၆-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး