မေတ္တာစာ

နှစ်သစ်ကူးမှာလာတဲ့ ဂူဂယ်လမ်းပေါ်ကကောက်ယူလာတဲ့ပုံတွေတော့ ရေးပြီးပြီ။ တောဆွမ်းလောင်းပွဲ ပဲခွေ၊ မုံ့ဆီကြော်နဲ့ ဝက်သားဟင်းဆွမ်းဟင်းလည်း ရေးပြီးပြီ။

ကနေ့ ခပ်ဆန်းဆန်း နှစ်ခုလာတယ်။ တခုက မေတ္တာစာလေးပါတဲ့။ အသံဖိုင်။

မေတ္တာစာဆိုတာ ရှေးဘုရင်တွေခေတ်ကတည်းကပေါ်တာ။ ပေါ်စမှာ ရဟန်းတော်တွေ စာဆိုတွေကနေ ဘုရင်ကို ဆက်သွင်းကြတယ်။ နောက်တော့ မေတ္တာရပ်ခံစာသဘောပါ ရေးကြတယ်။ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌဌသာရ၊ ကန်တော်မင်းကျောင်းဆရာတော်၊ ကျည်းကန်ရှင်ကြီး၊ ရှင်ဥက္ကံသမာလာနှင့် စလေဦးပုည၊ ကင်းဝန်မင်းကြီး အစရှိသူတွေရေးခဲ့တာတွေက မြန်မာစာပေသမိုင်းတင်ရစ်တယ်။ နောက်တခါ ချစ်ခင်ကြသူတွေအတွက် ရေးလာကြတယ်။ နောက်ပိုင်းခေတ်မှာ သမီးရည်းစားစာကိုလည်း မေတ္တာစာလို့ ယဉ်ယဉ်ကျေးကျေးခေါ်ကြတယ်။

နောက်အဆန်းတခုက အသံဖိုင်ပို့ပြီး နားဆင်ကြည့်ပါတဲ့။ ကျွန်တော်က အသံဖိုင်တွေ ဗီဒီယိုဖိုင်တွေကို မဖွင့်ပါ။ နေမကောင်းလို့ မေးတာလားတော့ မသိ။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး