ရေပင်လယ်သာဖြစ်ပါစေ

အသစ်မြင်ဗမာသမိုင်းစာအုပ်မှာ ဒေါက်တာသန်းထွန်းက ကမ္ဘာပေါ်မှာ လူသားရယ်လို့ဖြစ်ပေါ်လာခဲ့တာ စက္ကန့် ၄ဝ လောက်သာရှိအုံးမယ်လို့ ခိုင်းနှိုင်းရေးထားတယ်။ ကျွန်တော်တို့ နိုင်ငံဆိုတာဟာလည်း ကုန်းမြေမရှိ ပင်လယ်ပြင်ကြီးသာ ရှိခဲ့ပါသတဲ့။ မြေကြီးတွေဖြစ်လာတော့ လူတွေနေထိုင်လာကြတယ်။ ဟိုရှေးရှေးကလူသားတွေကို လူရိုင်းလို့ခေါ်ကြတယ်။ ကျွန်တော်တို့နောက် နှစ်အသိန်းအသန်းတွေကြာလာရင် ကျွန်တော်တို့ကို ဘယ်လိုခေါ်ကြမလဲ။ လူခပ်ရိုင်းရိုင်းတွေ။

အခုကတည်းက ရိုင်းတဲ့သူတွေက ရိုင်းနေကြပြီ။ အစိမ်းစားတဲ့သူတွေက စားကြတယ်။ ဖေ့စ်ဘွတ်မှာ အရုပ်စာတွေ ရေးကြတယ်။ ကျွန်တော်က ငိုတာလား ရယ်တာလား နားမလည်။ အဝတ်အစား မကပ်တကပ်တွေလည်း တင်ကြတယ်။

စာနဲ့ရေးသူတချို့ကလည်း သဒ္ဒါကိုဂရုမစိုက်ကြတော့။ သတ်ပုံကိုလည်း မှန်ခဲ့တာကို မှားအောင်ရေးနည်းနောက်သာ လိုက်ကြတော့တယ်။

ဓါးတောင်ကိုကျော်၍ မီးပင်လယ်ဖြတ်မည်လို့ စာအုပ်ထွက်ခဲ့တယ်။ မြန်မာပြည်ကြီး ပင်လယ်ပြင် ပြန်ဖြစ်တော့လေမလား။ ရေပင်လယ်သာ ဖြစ်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၅-၁၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး