Patent Rights အတတ်ပညာဆိုင်ရာ မူပိုင်ခွင့်

ဥပဒေအရ မှတ်ပုံတင်ပိုင်ခွင့်ဆိုတာရှိတယ်။ မြန်မာပြည်မှာက အသုံးနည်းသေးတယ်။ တိုးတက်တဲ့တိုင်းပြည်တွေမှာ Patent Rights ဆိုတာကို သိပ်အလေးထားကြတယ်။ အဲတာသူ့ကိုယ်ပိုင်ပဲ။ အစိုးရကနေ ပေးအပ်ထားတဲ့ သည်းခြား ပိုင်ဆိုင်ခွင့်တခုဖြစ်တယ်။ ကာလသတ်မှတ်မှုရှိတယ်။ Intellectual property အတတ်ပညာပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုတခု ဖြစ်တယ်။

Intellectual property (IP) ဆိုတာ ဥပဒေအရ မိုနိုပိုလီလုပ်ပိုင်ခွင့်ရရှိထားတယ်။ Trademarks ကုန်သွယ်ရေး အမှတ်တံဆိပ်၊ Copyright ကော်ပီခွင့်၊ Patents ပေးတင့်၊ Industrial design rights စက်မှုဒီဇိုင်းအခွင့် စတာတွေ ပါတယ်။ Music တေးဂီတ၊ Literature စာပေ၊ Artistic works အနုပညာအလုပ်များ ပါဝင်တယ်။ Discoveries and inventions ရှာဖွေတွေ့ရှိမှုနှင့် အသစ်တီထွင်မှု၊ Words စကားလုံး၊ Phrases စကားစု၊ Symbols သင်္ကေတနဲ့ Designs ဒီဇိုင်းတွေလည်း အကျုံးဝင်တယ်။

ဆေးတွေလည်း သည်အတိုင်းပဲ။ ဆေးစတင်ဖေါ်စပ်တဲ့ ကုမ္ပဏီက မှတ်ပုံတင်ထားတာကို တခြားကုမ္ပဏီတွေက နာမည်တူနဲ့ ထုတ်မရပါ။ အတုတွေနေရာတကာရှိတယ်။ အတုဆိုတာ သိတဲ့အတိုင်းပဲ။ အရည်အသွေးမမီပါ။ အတုကို အားကိုးရတာ ဆင်းရဲလို့၊ ညံ့လို့။

မြန်မာပြည်မှာ စာရေးဆရာ၊ ကဗျာဆရာတွေနာမည်ကို တခြားလူတွေကယူသုံးတာရှိတယ်။ သူတို့စာတွေ၊ ကဗျာတွေ၊ သီချင်းတွေကိုလည်းအဲလိုပဲ။ အဲတာတွေကို ကျွန်တော်သိသလောက် မှတ်ပုံတင်မထားကြပါ။ ဒါပေမယ့် ပိုင်ရှင်အစစ်က ကန့်ကွက်တာ တရားနည်းလမ်းကျပါတယ်။

ဆရာတော်ကြီးတွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ ရေးထားခဲ့တာတွေကို ကိုယ့်သဘောနဲ့ကိုယ် သတ်ပုံပြင် ထုတ်ဝေခြင်းဟာ မလုပ်သင့်တာဖြစ်တယ်။ ဥပဒေပြုပြီး အရေးယူသင့်တယ်။ ပညာဆိုတာ စီးပွါးရေးထက်ကို သိက္ခာ ပိုထိန်းရတာဖြစ်တယ်။

အနန္တသူရိယ၊ ရှင်ဥတ္တမကျော်၊ သျှင်မဟာသီလဝံသ၊ နဝဒေး၊ နတ်သျှင်နောင်၊ စလေဦးပုည၊ ဦးကြင်ဥ၊ နန်းမတော်မမြလေး၊ လှိုင်ထိပ်ခေါင်တင်တို့မှာ အသိပညာဆိုင်ရာ မူပိုင်အခွင့်အရေး ရှိသင့်ပါတယ်။

မင်းပူး၊ မောင်းထောင်၊ မုံရွေး၊ မန်လည်၊ ကျည်းကန်ရှင်ကြီး၊ လယ်တီဆရာတော်တွေမှာလည်း ဉာဏ်တော်ဆိုင်ရာ မူပိုင်အခွင့်အရေး ရှိသင့်ပါတယ်။

ခေတ်စာရေးဆရာ ကဗျာဆရာတွေ တစ်ကြတာလည်း သူတို့မူပိုင်။

သူများလုပ်ထား ရေးထာတာကို ပြင်တာ၊ အတုလုပ်တာနဲ့ ခိုးတာ သိပ်မကွာလှပါ။ သူခိုးဘေးက ဝေးပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး