၁၉၉၀ ဧပြီလ နှင့် မေလ ဒိုင်ယာရီ

၂၇-၅-၁၉၉၀ နေ့မှာ ရွေးကောက်ပွဲကျင်းပခဲ့ပါတယ်။ ပုလဲတမြို့နယ်လုံး ရွာတိုင်းစေ့သွားပြီး စည်းရုံးခဲ့တယ်။
၇-၄-၁၉၉၀ ကျောက်ကုန်း လုပ်သား
၈-၄-၁၉၉၀ အိုင်းမ စစ်ရင် (ဓ/၄၇၂၂ ကား)
၉-၄-၁၉၉၀ တောင်ရင်း ဆည်ကြီး ရေသာ သက်ကယ်ကျင်း မယင်း (ညအိပ်)
၁၀-၄-၁၉၉၀ ဘန့်ဘွေး အိုင်းမ ညပြန်ရောက်
၁၁-၄-၁၉၉၀ ရုံးအစည်းအဝေး
၁၂-၄-၁၉၉၀ ချောင်းနား စပါးစေ့ ဝါးကြီးတော ကိုးပင်
၁၃-၄-၁၉၉၀ ပြန်လှည့် ရွာသာ နံနက် ၉ နာရီခွဲ
၁၄-၄-၁၉၉၀ မဲရုံကိုယ်စားလှယ် ၂ ဦးစည်းဝေး မြကုန်း ည
၁၅-၄-၁၉၉၀ ကြောင်ဝင်ဒူး မဲစရပ် ကံရိုး အောင်ချမ်းသာ ကန်းဒေါင့်
၁၆-၄-၁၉၉၀ ရွာသစ် သရက်လှ ဝမ်းဘဲချိုင့် သာစီ
၁၇-၄-၁၉၉၀ ပုလဲ တောင် မြောက်
၁၈-၄-၁၉၉၀ ငှက်ပျောတော တောင် မြောက် ကွမ်းကိုင်း
၁၉-၄-၁၉၉၀ အိုးဘို နှောရိုး မန်ကျီးကုံး မင်းတိုင်ပင်
၂၂-၄-၁၉၉၀ ဘုန်းကြီးကံ (မြိုင်နယ်)
၂၄-၄-၁၉၉၀ လဲကန်
၂၆-၄-၁၉၉၀ ချင်ပြစ် နှောရိုး တုံးကံ နွယ်အင်း ည ၁၀ နာရီခွဲပြန်ရောက်
၂၇-၄-၁၉၉၀ မရိုးတုံး
၂၈-၄-၁၉၉၀ မြေနီကုံး ထန်းတောတိုက် သရက် စပါးစေ့ နှောကန် အိုးဘို ထန်းတောတိုက်
၂၉-၄-၁၉၉၀ ကျောင်းရပ် ကျောက်တောင် (မြိုင်နယ်)
၃၀-၄-၁၉၉၀ လဲကန်
၁-၅-၁၉၉၀ မိုးကောင်း ညောင်ကိုင်း
၂-၅-၁၉၉၀ ဂျပ် ဝက်ကျ ဂျပ် ညအိပ်
၃-၅-၁၉၉၀ ဂျပ်မှ ၆ နာရီထွက် ၁၂ နာရီ ၅၇ မိုင်ရောက် တောင်ပျောက်
၎-၅-၁၉၉၀ အင်မထီး
၅-၅-၁၉၉၀ ဘုတလင်

သင်္ကြန်ရက်တွေမှာပါ စည်းရုံးရေးသွားခဲ့တယ်။ တချို့ရွာတွေက တောင်ပေါ်မှာ။ တချို့ရွာတွေက တခြားမြို့နယ်တွေမှာ။ တချို့ရက်တွေမှာ ရွာအမည်တွေကို ကျွန်တော်မရေးအားလို့ ဇနီးနဲ့ ဆုံးသွားတဲ့သားက ရေးပေးထားတာ တွေ့ရတယ်။ ဓ/၄၇၂၂ က ကျွန်တော့်ကား။ ကိုယ့်ကား၊ ကိုယ့်ဓါတ်ဆီ ကိုယ့်ပိုက်ဆံနဲ့သာ စည်းရုံးရေးဆင်းရပါတယ်။

လူအများကတော့ ၁၉၉၀ ရွေးကောက်ပွဲကို မေ့ကုန်ကြပြီ။ ကျွန်တော့်ဒိုင်ယာရီမှာ ရှိနေတယ်။ နိုင်တော့ နိုင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး