ယားကျိကျိ မေးခွန်းနှင့် မန်းရှင်းများ
၁။ ဆရာရှင့် ကျွန်မအသက်က ၂၁နှစ်ပါ အိမ်ထောင်ရှိပါတယ် 2.11.18 ကရာသီနောက်ဆုံးလာပီး ဆီးစစ်ကျိတာ ကိုယ်ဝန်ရှိပါတယ် ခုကိုယ်ဝန် ၇ ပတ်ကျော်ပါပီရှင့် ကျွန်မဒီနေ့မနက် ဆီးသွားတော့ သွေးစ တကယ့်သေးသေးလေး တွေ့တယ် သွေးတော့မဆင်းဘူးရှင့် နောက်ခါဆီးသွားလည်း အ့လိုသေးသေးလေးတခုပဲတွေ့ပြန်တယ် အ့တာ ကိုယ်ဝန်ပျက်နိုင်တဲ့လက္ခဏာလားရှင့် ကိုယ်ဝန်က အရမ်းခက်ခက်ခဲခဲရထားတာမို့ စိတ်ပူမိလို့ပါရှင့် ကျွန်မခုဖြစ်နေတာ ကိုယ်ဝန်ပျက်နိုင်တဲ့လက္ခဏာလားရှင့်
ဆီးစစ်ကျိတာလို့ မရေးရ။ ဆီးစစ်ကြည့်တာလို့သာရေးရတယ်။ ကျိကျိတက်ချမ်းသာ၊ ကျိချွဲသည်၊ ငန်ကျိကျိ၊ စိတ်နောက်ကျိ၊ ပက်ကျိကောင်ယားကျိကျိ၊ အကျိအချွဲ၊ ချောကျိကျိ၊
Bleeding During Early Pregnancy ကိုယ်ဝန်နုစဉ် သွေးဆင်းခြင်း https://doctortintswe.blogspot.com/2014/11/bleeding-during-early-pregnancy.html
Bleeding During Early Pregnancy ကိုယ်ဝန်နုစဉ် သွေးဆင်းခြင်း
မနေ့က ultrasoundရိုက်ကျိတော့ ကိုယ်ဝန်အပတ်က ၅ ပါတ် ၅ ရက်တဲ့ဆရာ တကယ်ရာသီနောက်ဆုံးရက်နဲ့ဆို၇ ပါတ် ၅ ရက်ရှိရမာပါ ဒီနေ့မနက် မနေ့ကထက်သွေးနညိးနည်းဆင်းလာပါတယ်ဆရာ အ့ဆို ကလေးကဆက်မကြီးတော့တာလား ရှင့် သားအိမ်ခြစ်ရမလား စောင့်ကြည့်ရမလားရှင့်
၂။ ကျွန်တော်မျက်လုံးက ကျိရင် ပုံမှန်ပဲ ကျွန်တော်ကျိသမျှ မြင်ကွင်းတွေမှာ အနက်ရောင် အစက်လေး လိုက်ပေါ်နေတယ်
၃။ Yasmeeń Usman Khan April Oo Karemah Bin Usman ဖတ်ကျိကျိ
၎။ Thet Yan Naung Chu Yati Ei San မမလာဖတ်ကျိ😁
၅။ Chu Yati Ei San · Friends with Ko Nyi Nyi and 8 others ကျေးဇူးမောင်လေး မကြိကသံပရာသီးရှိရင်ရတယ်😁
၆။ Pa Pa Pyae Sone Aung ဖတ်ကျိကျိ .… တစ်ခုခုဆို အရက်ပြန်ထည့်မယ်ဆိုတဲ့လူကြီး
၇။ Swe Aye Maung Clawdious ForceEdge Knight ဖတ်ကြည်လတ်အူး
၈။ Pretty Noon Hay Man Ye Lwin sis.....ဖတ်ကျိ
ဖတ်ကြည့်လို့သာရေးရတယ်။ ဖတ်ကြည်လတ်အူးရေးတာက သွက်သွက်ခါမှားတယ်။ ဆောရီး။
ကျိကျိတက်ချမ်းသာ
ကျိချွဲသည်
ချွဲကျိကျိ
ငန်ကျိကျိ
စိတ်နောက်ကျိ
ညစ်ကျိ
ပက်ကျိကောင်
မာလာကျကျူ = ကုင်္ကမံ
ယားကျိကျိ
အကျိအချွဲ
ချောကျိကျိ
နောက်ကျိ
သေချင်ပက်ကျိ
ကြည့်
စားကြည့်
စာကြည့်
တန့်ကြည့်တောင်
ဖတ်ကြည့်
ကြည့်မှန်
ကြည့်ရှုသည်
ကြည့်မြှော်သည်
ကြည့်မြော်သည် = ဥာဏစက္ခု
လာကြည့်
လုပ်ကြည့်
အကြည့်
အကြည့်တန်
တောင်ကြည့်မြောက်ကြည့်
ကြိ
ကြိယာ = ကိရိယာ (သဒ္ဒါသုံး)
ကြိယာဝိသေသန (သဒ္ဒါသုံး)
နောက်ထပ် မှားရေးကြတာတွေရှိသေးတယ်။ သတ်ပုံမှားတွေဖတ်ရရင် ယားကျိကျိ၊ နောက်ကျိကျိဖြစ်တယ်။
ဒေါက်တာတင့်ဆွေ
၂၉-၈-၂ဝ၁၇
၁၆-၁ဝ-၂ဝ၁၇
၂-၁-၂ဝ၁၈
၂၆-၁၂-၂၀၁၈
Comments
Popular posts from this blog
ကျန်းမာခြင်းသည် လာဘ်တပါး
Furamin BC သံဓါတ်အားဆေး