ပုတ္တောဝါဒ ဆုံးမစာ

မောင်ငယ်ရင်သွေး နာဘိသေးလော့၊
ရှေးသရောခါ ပြည်ဗာရာဝယ်၊
ကုဋေကြွယ်သား သူဋ္ဌေးအားလျှင်၊
သားတယောက်ဖြစ် ချစ်၍တစေ အိမ်မှာနေ၍၊
စာပေမကျ မိဘစုတေ့၊ ခန္ဓာရွေ့သော်၊
အရှေ့အနောက် တောင်မြောက်ဘယ်မှာ မသိပါငြား၊
သူဋ္ဌေးသားသည် သိုထားမတတ် အရပ်ရပ်၌၊
နှံအပ်ဥစ္စာ ရှိသည့်ငှာကို၊
များစွာကျွန်ပေါင်း မကောင်းခိုးသူ ယူ၍ပြေးရှောင်း၊ အိမ်ကိုရောင်း၍၊
ထောင်းထောင်းကျေလျက် ခွက်လက်ဆွဲကာ တောင်းစားပါလည်း၊
နင်သာလူမိုက် ဒုစရိုက်ဟု ရိုက်ပုတ်လိုက်ကြ၊
ရွာမှထွက်လေ၊ တောမှာသေသည်၊
ကောင်သေလင်းတ ကျ၏တည်း။     ။

ဆားတုံဆရာတော်ရေးသားတယ်လို့ မှတ်ရပါတယ်။ သားတစ်ယောက်ဖြစ် မဟုတ်ပါ ။ချစ်၍တစ်စေ မဟုတ်ပါ။ ကောင်သေလင်းတစ် ခေတ်ကို ရောက်မလား မပြောတတ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်