ကြည့်သောသူသည် မြင်၏

အောင်ဗလ ခေါ် ကြေးမုံဦးသောင်းစာအုပ်ဖြစ်ပါတယ်။ ဆောင်းပါးတခုက ထန်းတပင်ကောင်း။

မြန်မာ့စွယ်စုံကျမ်းဆောင်းပါးမှာ စွယ်စုံကျမ်းသည် တိုးတက်လိုသော တိုင်းပြည်အဖို့ မရှိမဖြစ်သော ကျမ်းတကျမ်းဖြစ်သည် လို့ရေးပါတယ်။

မြန်မာ့စွယ်စုံကျမ်းတစုံ ၁၅ အုပ်လုံး ကျွန်တော့်မှာရှိတယ်။ မြန်မာပြည်ကနေ အိန္ဒိယ။ နယူးဒေလီကနေ အမေရိကအထိ သယ်လာခဲ့တာ။ ကျမ်းအားလုံးထဲမှာ တတွေကို မလိုအပ်ပဲ တစ်လုပ်မထားပါ။

စွယ်စုံကျမ်းကို မွမ်းမံပြီး အသစ်ထုတ်မလိုလို ကြားတယ်။ ပေါ်လစီသတ်ပုံတွေနဲ့ ပြင်ကြလိမ့်မယ်။ ကျမ်းအဟောင်းဟာ မြစေတီကျောက်စာဘဝ ရောက်တော့မယ်။

ကြည့်သောသူသည် မြင်၏။ ဖတ်သောသူ သိ၏။

ဒေါက်တာတင့်ဆွေ
၂၂-၁၂-၂၀၁၈

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်