Never Ever နောက်တသက်လုံး ဘယ်တော့မှ မပို့ပါရန်

တရားစာ ဆုတောင်းစာ
ဗီဒီယိုဖိုင် သီချင်းဖိုင်
သတင်း အတင်းအဖျင်း
ဘုရားပုံ နိုင်ငံရေးသမားပုံ
သတ်ပုံမမှန်တဲ့ စာ

နောက်တသက်လုံး ဘယ်တော့မှ မပို့ပါရန်

အခုတလော တယောက်ပြီးတယောက် ဆရာတော်ကြီးတပါးစာဆိုပြီး ပို့နေကြတယ်။ တစ်သတ်ပုံတော့ မပြောလိုတော့ပါ။ ၉၉% က ကျွန်တော်နဲ့သဘောမတူကြလို့။ မဲ နဲ့ မည်းလည်း မှားနေတယ်။

မဲ
မဲခိုးသည်
မဲချသည်
မဲဇလီပင်
မဲဇာမြစ်
မဲဇာတောင်ခြေ
မဲတင်းသည်
မဲကြိုး
မဲနယ်
မဲမဲသဲသဲ
မဲပြား
မဲပြာပင်
မဲရဉ်းပင်
မဲလိပ်
မဲလိမ်သည်
မဲဝယ်သည်
မဲတောင်းသည်
မဲပေးသည်
မဲပေါက်သည်
သဲသဲမဲမဲ
အမဲသားငါး
အမဲဟင်းလျာ
အမဲခြောက်
အောက်မဲညိုပင်

မည်း
ခမည်းခမက်
ခမည်းတော်
ခမည်းပေးသည်
တလမည်း (ရာဇာဓိရာဇ်၏သမီးတော်)
နက်မည်း
မည်းချိပ်ချိပ်
မည်းနက်
မည်းပုပ်
မည်းကြုတ်
မည်းကျော
မည်းနှမ်း
မှိုင်းမည်းမည်း
မျက်နှာမည်း
ရမည်းသင်းမြို့
စောမည်း (မင်းကြီးစွာစော်ကဲ၏ငယ်ကျွန်တော်)
တောကြီးမျက်မည်း

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး