ဆီးပင်လေး

ဟိုအရင်ကတည်းက ဆီးသီး၊ ဆီးပင်၊ ဆီးပေါင်း၊ ဆီးဖြူသီးလို့ ရေးပါတယ်။ မြို့အမည်၊ ရွာအမည်၊ လူအမည်တွေကိုတော့ အဆင်ပြေသလိုစာလုံးပေါင်းလေ့ရှိတယ်။ ဥပမာ ဇီးပင်ကြီးရွာ။

ကျွန်တော်တို့ငယ်ငယ်က တောမှာနေရတယ်။ မြို့သားလုပ်တော့လည်း ခဏခဏရွာအလည်ပြန်တယ်။ ဆီးသီးတွေ လှိုင်တဲ့အချိန်ဆိုရင် တောထဲသွားပြီး ဆီးသီးပုတ်ကြတယ်။ ဆွတ်တာ၊ ခူးတာ မဟုတ်ပါ။

ဆီးချဉ်သီးက ဆီးချိုသီးထက် အသုံးတည့်တယ်။ ခုခေတ်လို ဘာဆီးသီးညာဆီးသီးရယ်လို့ မရှိပါ။ လှည်းနဲ့ ဆီးပင်ပေါတဲ့ တောထဲသွားရတယ်။ ဆီးပင်တွေကလည်း သက်တမ်းရှည်တော့ မြင့်တယ်။ အောက်မှာ တင်းထိမ်လို့ခေါ်တဲ့ ချည်စောင် အကြီးစားကြီး ဖြန့်ခင်းထားပြီး ဆီးကိုင်းတွေကို တုတ်ရှည်နဲ့ပုတ်ရတယ်။ ဆီးသီးတွေ ကြွေကျလာတယ်။ ကုန်လောက်ရင် နောက်တပင်။ လှည်းတစီးစာရရင် တင်းထိမ်ထောင့်လေးဘက်ကို လှည်နံရံတိုင် လေးခုမှာ ချည်ရတယ်။ တနှစ်စာ လှောင်ထားကြတယ်။

ဆီးချဉ်သီးအသုံးတည့်တာတွေ များတယ်။ အကုန်မသိပါ။ ဆီးသားကို မီးဖိုသုံးယောက်မ လုပ်ကြတယ်။ ဆီးကိုင်းတွေကို အိမ်ခြံ ရွာခြံ စည်းရိုးလုပ်ကြတယ်။ ရွာတံခါးပိတ် လုပ်ကြတယ်။

ခုခေတ်တော့ ဆူးလှည်းကြီးလို့ တင်စားရသူတွေကိုသာ တွေ့ရတော့တယ်။ မြို့တွေမှာ များတယ်။ မြို့ကြီးလေ များလေ။

ဒေါက်တာတင့်ဆွေ
၂၁-၁၂-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး