Mood swings during menopause သွေးဆုံးချိန် စိတ်မူပြောင်းခြင်း

ဆရာမင်္ဂလာပါ။ စိတ်ရောဂါဟုတ်မဟုတ်မေးချင်လို့ပါဆရာ။ အသက်က ၅၀ထဲမှာပါ။ အမေပါ။ တယောက်တည်း ဟိုးအရင်ငယ်စဉ်ကအကြောင်းအရာ (အထူးသဖြင့် စိတ်နာစရာတွေ) ထိုင်ပြောတတ်ပါတယ်။ စိတ်ကူးပေါက်ရာ ပြောတာမျိုးပါ။ ရယ်စရာရှိရင်လည်း အလွန်အကျူးရယ်ပါတယ်။ စိတ်တိုစရာမပါလည်း ဟိုးအရင်က စိတ်တိုစရာကိုပြောပြီး တတွတ်တွတ်ရွတ်ပြီး စိတ်တိုနေတတ်ပါတယ်။ စိတ်ပြေလျော့အောင် ဘယ်လိုမှ ချော့လို့လဲ မရတတ်ပါဘူး။ ထိုစိတ်နာတဲ့အကြောင်းအရာကို မပြီးဆုံးတတ်ပါဘူး။ ဒီနေ့ပြောပြီး နောက်နေ့လည်း ဒီအကြောင်းအရာပါပဲ။ တခြားဘာကိုမှ မှတ်ခိုင်းလို့လဲ မရပါဘူး။ သူမှတ်မိချင်တာဆိုလည်း သူတယောက်တည်း ထိုင်ပြောပြောနေတာပါပဲ။ တခါတလေ သူ့အကြောင်းသိလို့ သူပြောသမျှ ဘယ်သူမှ နားမထောင်ရင်လည်း စိတ်တိုဒေါသတကြီးထွက်ပြီး သောင်းကျန်းတတ်ပါသေးတယ်။ အဲဒါစိတ်ရောဂါလို့ခေါ်နိုင်ပါသလား။ ထမင်းစားရေသောက် ကျန်တာအကုန်သိပါတယ်။ တခြားဟာတွေတော့ ဘာမှ အသစ်ထပ်သင်ပေးလို့ မရတော့ပါဘူး။ သူမှတ်မိချင်တာပဲမှတ်မိတာပါ။ စိတ်ရောဂါဆိုရင် ဘယ်လိုကုသရမလဲဆရာ ဒါမှမဟုတ် ရေရှည်တိုက်လို့ရမယ့်ဆေးဝါးများရှိရင်လမ်းညွှန်ပေးပါ

အသက် ၅၀။ သွေးဆုံး မဆုံး မသိ။ သွေးဆုံးကာနီးချိန် စိတ်မူပြောင်းတာဖြစ်တတ်ကြတယ်။ အလိုလိုသက်သာလာမယ်။ လိုအပ်သူကို စိတ်အထူးကုဆရာဝန်ပြသင့်တယ်။

သွေးဆုံးရောက်သူ ၂၃% လေးပုံတပုံလောက်ဟာ စိတ်မူပြောင်းတာ ဖြစ်ကြတယ်။ သိသာတဲ့အပြောင်းအလဲမျိုးဖြစ်တာ များတယ်။

Irritability စိတ်တိုခြင်း ၇၀% ဖြစ်တယ်။
Depression စိတ်ဓါတ်ကျခြင်း ၂၀% ဖြစ်တယ်။
Anxiety စိုးရိမ်စိတ်ကဲခြင်းဖြစ်ကြတယ်။
Insomnia အိမ်ပျော်ဆာ ၄၀-၅၀% ဖြစ်တယ်။
Crying episodes ငိုမယ်။
Memory loss မှတ်သားမှု နည်းတယ်။
Forgetfulness မေ့မေ့လျောလျောဖြစ်တယ်။

Antidepressants ခေါ်စိတ်ကျဆေးပေးသင့်သူကိုပေးတယ်။

Menopause (1) သွေးမဆုံးခင်နဲ့ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၁) https://doctortintswe.blogspot.com/2018/08/menopause-1.html
Menopause (2) သွေးမဆုံးခင်နဲ့ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၂) https://doctortintswe.blogspot.com/2014/11/menopause-2.html
Healthy Ladies အမျိုးသမီးကြီးတွေ ကျက်သရေရှိကြပါစေ https://doctortintswe.blogspot.com/2016/04/healthy-ladies.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး