နှစ်ကူးဆွမ်းလောင်းပွဲ

နှစ်သစ်ကူး ဆုတောင်းစကားတွေ၊ ရုပ်ပုံတွေ၊ ဗီဒီယိုပုံတွေပို့နေကြတယ်။ တယောက်လာဒါ။ နောက်တယောက်လာဒါ။

တောရွာတွေက ဘုရားပွဲ ဆွမ်းလောင်းပွဲတွေမှာ မုံ့ဆီကြော်နဲ့ ပဲခွေလောင်းကြသလိုပဲ။ ဘုန်းကြီးကျောင်း ကျက်သရေခန်းမှာ အဲတာတွေ ပုံနေတာပဲ။

တောမုံ့ဆီကြော်နဲ့ ပဲခွေတွေကတော့ ကိုယ်တိုင်လက်နဲ့ ကြော်ကြတာ။ အခုဆုတောင်းတာတွေက အင်တာနက်လမ်းပေါ်က ကောက်လာတာတွေ။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၆
၃၁-၁၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး