Baby Face Ringworm နို့ပွေး

၁။ ဆရာ မင်္ဂလာပါရှင့် ကျွန်မအသက်က ၃၇နှစ်ပါ ကျွန်မသားက အသက် ၃လနှင့် ၂၇ရက်ရှိပါပြီ ခုသားသားပါးမှာ အကွက်ဖြစ်နေတာလေးသိချင်လို့ပါရှင့် တချို့ကနို့ပွေးလို့လည်းပြောကြတယ် ဖြစ်တာ ၂ပတ်ကျော်ရှိနေပြီး ပွားလာပါတယ်ရှင့် ဆရာ့ရဲ့ လမ်းညွှန်မှုလေးသိချင်လို့ပါရှင့်။

၂။ မင်္ဂလာပါ ဆရာ သားလေးအသက် ၃လနဲ့ ၈ရက်ရှိပါပြီ။ ရိုးရိုးမွေးတာပါ။သားလေးမှာ G6PD ရှိပါတယ်။ သားလေး မျက်နှာမှာဖြစ်နေတဲ့နို့ပွေးတွေပါ သားလေး ၂လသားကတည်းက အခုထိ မပျောက်ကင်းသေးဘူးဆရာ။ ဆေးခန်းတခု သွားတော့ ပွေးလိမ်းဆေးပေးလိုက်တယ်။ ပိုဆိုးလာလို့ ဆေးခန်းတခုထပ်သွားတော့ SKAN DID ပေးလိုက်တယ် အဲ့ဒါလည်း မသက်သာလို့ သမီးဘယ်လိုလုပ်ရမလဲဆရာ ကူညီပေးပါဦး။ သမီးအစားရှောင်ပေးရင် ပျောက်ကင်းနိုင်မလား။

၃။ မင်္ဂလာပါဆရာ။ ကျနော်သားက ၂လနဲ့ ၂၄ရက်သားပါဆရာ။ ဆောင်းတွင်းမို့လားတော့မသိဘူးဆရာ။ ကလေးက အသားတွေ အရမ်းပတ်တယ်ဆရာ။ Baby mild double milk cream တော့ လိမ်းပေးပါတယ်ဆရာ။ ဒါပေမဲ့ မသက်သာပါဘူးဆရာ။ ကလေးက အသားတွေယားလို့ လက်နဲ့ပွတ်တာ မျက်နှာတွေလဲရဲနေတာပါပဲ။ အဲဒါ ဘာဆေး လိမ်းရမလဲ လမ်းညွန်ပေးပါဆရာ။

နို့ပွေးကို Ringworm fungus လို့လည်းခေါ်တယ်။ နို့စို့ရင်းထိစပ်တဲ့ ပါးနေရာမှာ နီရဲလာရင် နို့ပွေးဖြစ်ဖို့ များတယ်။ မျက်နှာမှာ မဟုတ်ဘဲ တခြားနေရာမှာဖြစ်ရင် အိမ်မွေးတိရစ္ဆာန်ကနေ ကူးလာတာဖြစ်နိုင်တယ်။ ဆော့တဲ့အရွယ်ဆိုရင် မြေကြီးကနေ ကူးလာတာလည်း ဖြစ်နိုင်တယ်။ ကစားစရာတွေကနေလည်း ကူးလာတတ်တယ်။

မှက္ခရုနာဖြစ်တဲ့ပိုးနဲ့ အတူဘဲ။ နို့ပွေးက သူ့အလိုလိုပျောက်ပါတယ်။ မိခင်နို့ကို ခါတိုင်းထက်ပိုပြီး သန့်ပေးပါ။ ရေ + ဆပ်ပြာနဲ့ သန့်ပြီးရင် ခြောက်အောင်လုပ်ပြီးမှသာ အပေါ်အဝတ်ဝတ်ပါ။ မှိုတွေက ပူနွေးလှောင်နေတာကို ကြိုက်တယ်။ ကလေးငယ်မှာ အလိုလို ပျောက်တာများတယ်။

ပွေးသေချာရင် Clotrimazole 1-2% နဲ့ Miconazole 1-2% ဆေးအလွယ်ဝယ်လို့ ရတယ်။ Ring Guard လိမ်းဆေးလည်း ရှိတယ်။ တနေ့ ၂ ကြိမ်၊ ပါးပါးလိမ်းရတယ်။ အမြင်အရပျောက်ပြီးနောက် တပတ်ကြာအထိလိမ်းပါ။ ဆေးလိမ်းပေးတဲ့ လက်ကို ဆေးပါ။ တချို့ ၄ ပတ်အထိကြာတယ်။ စားဆေးမလိုလောက်ပါ။ တကိုယ်ရေ သန့်ရှင်းရေးနဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေး ပိုလုပ်ပါ။ ဆေးလိမ်းရင် မျက်စိနဲ့မမြင်နိုင်တဲ့နောက် တပတ်ကြာအထိ လိမ်းရတယ်။

နို့ပွေးလို့ပဲခေါ်ကြတဲ့ Atopic eczema ဆိုတာက နှင်းခူနာတမျိုးဖြစ်တယ်။ မကူးစက်ပါ။ ပျောက်ခဲတယ်။ အဖြစ်များတယ်။ ပွေးမဟုတ်။ မတည့်တာတခုခုကနေ ဖြစ်စေတယ်။ ဥပမာ ဆပ်ပြာ။ ဖုန်။ အဝတ်အစား။ တိရိစ္ဆာန်အမွေး။ စားစရာ။ ယားလို့ ကလေးမအီမသာ ဖြစ်မယ်။ ကုတ်လို့ ဘက်တီးရီးယားပိုးဝင်နိုင်တယ်။

ပျောက်အောင် ကုမရ။ ဆောရီး။ ကလေးအသက် ၅-၆ နှစ်တွင် အလိုလို ပျောက်သွားနိုင်တယ်။ တချို့က ကြီးတဲ့အထိ မပျောက်။ ဆောရီး။

မတည့်တာသိရင် ရှောင်ပါ။ Moisturizer လိမ်းနိုင်တယ်။ အလှဆီလိမ်းနိုင်တယ်။ တချို့တော့ စတီရွိုက်လိမ်းဆေ Hydrocortisone 1% တနေ့ ၂-၃ ကြိမ်၊ ၁ ပတ်လိမ်း၊ ၁ ပတ်နားလိမ်းရတယ်။ Beprosone 0.05% ကို ၃-၅ ရက် ပါးပါး လိမ်းနိုင်တယ်။ ပိုးဝင်လို့ ခပ်ဝါဝါအဖတ်ဖြစ်တာအတွက် Bactropam လိမ်းဆေး ၁ နေ့ ၃ ကြိမ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး