အတိတ်

နှင်းဆီပွင့်ခြောက်၊ လိုက်လံကောက်ပြီး
ပြောင်မွမ်းဆင်တပ်၊ ကဗျာစပ်သတဲ့။

သစ်ရွက်ကြွေများ
လမ်းသလားပုံ
တေးသွားငိုမဲ့၊ ဂီတဖွဲ့သတဲ့။

သစ်ပင်ရိုးတံ၊ ငိုကြွေးဟန်ကို
အသံကိုကြား၊ နား၌ထင်အောင်
ဆေးမင်ခဲနဲ့၊ ပန်းချီဆွဲသတဲ့။

အလွမ်းအိပ်မက်၊ တဝက်တပြက်
ဆက်ကာဆက်ကာ၊ မက်ရာရာတွင်
တခါတုန်းက၊ ပျက်ကြွေရသည့်
ဘဝတဆစ်၊ တစ္ဆေဖြစ်လျက်
အသစ်ကိုမှန်း၊ မရော်ရမ်းအောင်
လမ်းခုလတ်က၊ ခြောက်လှန့်၏။

လာမည့်တခေတ်၊ ကဗျာသစ်ကို -
လာမည့်တခေတ်၊ ဂီတသစ်ကို -
လာမည့်တခေတ်၊ ပန်းချီသစ်ကို -
ထစ်ချုန်းမိုးသံ၊ ပဲ့တင်လျှံအောင်
ဖန်တီးလေလော့၊ အို့ လက်များ။

၁၇-၁-၁၉၉၃ ပန်းတင်လှေ
(ဆေးတက္ကသိုလ် ၁)

ဆရာတင်မိုးရဲ့ မြန်မာစာသတ်ပုံကိုပါ တင်ပြပါတယ်။ တစ်ဝက်တစ်ပြက် မဟုတ်။ တစ်ခါတုန်းက မဟုတ်။ ဘဝတစ်ဆစ် မဟုတ်။ လာမည့်တစ်ခေတ် မဟုတ်။

သတ်ပုံမှန်မြန်မာစာ အတိတ်မှာကျန်ခဲ့လေပြီတကား။

ဒေါက်တာတင့်ဆွေ
၂၅-၁၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ